တစ်မျိုးသားလုံးမူးယစ်အန္တရာယ်ကင်းစင်ဖို့ ဝိုင်းဝန်းကာကွယ်တားဆီးစို့

Type
1

မောင်သင်းပျံ့
 

ယနေ့ ကမ္ဘာနှင့်အဝှမ်း လူငယ်ထုတစ်ရပ်လုံးမှာ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ကြုံတွေ့နေရပြီး မူးယစ်ဆေးဝါးကို အလွယ်တကူဝယ်ယူသုံးစွဲနိုင်သည့် အခြေအနေသို့ ရောက်ရှိနေသည်။ လူလုပ်မူးယစ်ဆေးဝါးများ (synthetic drugs)မှာလည်း အချိန်နှင့်အမျှ ပေါ်ပေါက်လာလျက်ရှိရာ အဆိုပါစိန်ခေါ်မှုကို ကမ္ဘာနှင့်အဝှမ်း ရင်ဆိုင်နေရသည်။ လူလုပ်မူးယစ်ဆေးဝါးများချက်လုပ်ရာတွင် အဓိကကျသော ပရီကာဆာဓာတုပစ္စည်းများမှာ မြန်မာနိုင်ငံတွင် ထုတ်လုပ်နိုင်ခြင်းမရှိဘဲ စက်မှုဓာတုကုန်ကြမ်းပစ္စည်းများ အဓိကထုတ်လုပ်ရာနိုင်ငံများမှ နည်းလမ်းအမျိုးမျိုးဖြင့် ဝင်ရောက်လာလျက်ရှိသည်။ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းဝယ်ခြင်းနှင့် သုံးစွဲခြင်းတို့သည် ကမ္ဘာ့နိုင်ငံအသီးသီးတွင် လူသားတို့၏ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊  ယဉ်ကျေးမှုနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေလျက်ရှိရာ လူသားတို့၏ ဘဝရှင်သန်နေထိုင်ရေးကိုပါ ခြိမ်းခြောက်လျက်ရှိသည်။ လူသားအားလုံးကို အညွန့်တုံးစေမည့် မူးယစ်ဆေးဝါးအန္တရာယ်ကို ဝိုင်းဝန်းစုပေါင်းလက်တွဲ၍ အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဟန်ချက်ညီညီ ကာကွယ်တားဆီး တိုက်ဖျက်ရမည့် အချိန်အခါလည်း ဖြစ်သည်။ 


ဘိန်းသမိုင်း 


ဘိန်းပင်သည်   ကျောက်ခေတ် ကာလက မြေထဲပင်လယ်အနီး တောင်  တန်းများပေါ်တွင် သဘာဝအလျောက်  ပေါက်ရောက်ခဲ့သော အပင်ဖြစ်ကြောင်း ပညာရှင်တို့ကသုံးသပ်ခဲ့သည်။ ဘိန်းပင် ကို ဘီစီ ၃၄၀၀ ခန့်က မက်ဆိုပိုတေးမီး ယားဒေသ(ယခု အီရတ်နိုင်ငံ Euphrates မြစ်နှင့် Tigirs မြစ်ဝှမ်းဒေသ) တွင် စတင်စိုက်ပျိုးခဲ့ကြောင်း သမိုင်းရှိခဲ့ပြီး ထိုမှတစ်ဆင့် ဥရောပအလယ်ပိုင်းနှင့် အီဂျစ်သို့ ပျံ့နှံ့ရောက်ရှိခဲ့သည်။ ဘိန်းကို ခရစ်တော်မပေါ်မီ နှစ် ၁၀၀၀ ခန့်က ဆေးဝါးအဖြစ် နာကျင်ကိုက်ခဲမှုနှင့် ဝမ်းကိုက်ပျောက်ဆေးအဖြစ် အသုံးပြု ခဲ့ရာမှ သုံးစွဲမှုများလာပြီး ဘိန်းကို နှစ်သက်စွဲလမ်းလာခြင်း ဖြစ်သည်။ 
မြန်မာနိုင်ငံတွင်   ရှေးမင်းများ လက်ထက်က ဘိန်းမရှိခဲ့ဘဲ အေဒီ ၁၅၀၀ တွင် ပေါ်တူဂီလူမျိုးများ အိန္ဒိယနိုင်ငံမှ တစ်ဆင့် တရုတ်နိုင်ငံသို့ ဘိန်းကုန်ကူး ခြင်းစတင်ခဲ့သည်။ အေဒီ ၁၅၈၀ ခန့် တွင် အိန္ဒိယမှ   ပုသိမ်ဆိပ်ကမ်းသို့ သယ်ဆောင်လာသော ဘိန်းနှင့် သံလျင် ဆိပ်ကမ်းသို့   အာရပ်ကုန်သည်များ သယ်ဆောင်လာသော ဘိန်းများ ရောက် ရှိခဲ့ကြောင်း အင်္ဂလိပ်လူမျိုး ဂျွန်ပင် ကာတန်၏ ခရီးသွားမှတ်တမ်းတွင် ဖော်ပြခဲ့သည်။   ၁၅၈၀ ပြည့်နှစ်တွင် အီတလီနိုင်ငံ ဗင်းနစ်မြို့မှ စီဇာဖရက် ဒရစ်ဆိုသူ   ပဲခူးမြို့သို့ရောက်ရှိပြီး ဘိန်းများသယ်ဆောင်လာကာ ၁၆၁၃ ခုနှစ်တွင် ဟံသာဝတီ(ပဲခူး)တွင် ဘိန်းကို စတင်ရောင်းချခဲ့သည်။   ၁၈၂၆ ခုနှစ် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီးတွင် ရခိုင်နှင့် တနင်္သာရီဒေသသို့ ဘိန်းများ တင်သွင်းခဲ့ရာ  မြန်မာနိုင်ငံ     ကိုလိုနီ လက်အောက် ကျရောက်ပြီးနောက် ဘိန်း စိုက်ပျိုး၊ ထုတ်လုပ်၊ သုံးစွဲမှုစတင်ခဲ့သည်။ ထိုအချိန်က အင်္ဂလိပ်တို့သည် ရှမ်းပြည် နယ်နှင့် ကချင်တောင်တန်းဒေသတို့တွင် ဘိန်းကို တရားဝင် စိုက်ပျိုးခွင့်ပြုခဲ့သည်။
ကျုးကျော်စိုက်ပျိုးထုတ်လုပ်


၁၉၄၆-၁၉၅၀  ပြည့်နှစ်တွင် တရုတ်ဖြူ ကူမင်တန်တပ်များ    ရှမ်းပြည်သံလွင် အရှေ့ခြမ်းသို့ ဝင်ရောက်ကျူးကျော်ခဲ့ရာ ဘိန်းကို စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အသွင်ဖြင့် စိုက်ပျိုးထုတ်လုပ်ခဲ့ပြီး ဘိန်း ဖြန့်ချိရာ နေရာတစ်ခုအဖြစ် မြန်မာပြည် ကို   အသုံးချခဲ့သည်။   ထိုအချိန်က နိုင်ငံရေးအကျပ်အတည်းများ   ရင်ဆိုင် နေရသော    နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်း  တည်ငြိမ်အေးချမ်းရေးနှင့် တိုင်းရင်းသား   စည်းလုံးညီညွတ်ရေးကို ကြိုးပမ်းနေချိန်ဖြစ်ရာ အခက်အခဲများ ကြားမှ ပြည်ပကျူးကျော်မှုနှင့် ပြည်တွင်း မငြိမ်သက်မှုတို့ကို တပ်မတော်၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့နှင့်   ပြည်သူတို့ လက်တွဲ ညီညီတွန်းလှန်ခဲ့ကြသည်။ တဖြည်းဖြည်း ကြီးထွားလာသော   သံလွင်အရှေ့ခြမ်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအန္တရာယ်မှာ နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးလာ သောကြောင့်   အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ရှင်းလင်းဆောင်ရွက်ခဲ့ရာ တပ်မတော်၊    မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တိုင်းရင်းသားညီအစ်ကိုတို့ အသက်များ စွာ ပေးဆပ်၍  အောင်မြင်မှုရရှိခဲ့သည်။ တရုတ်ဖြူကူမင်တန်တပ်များ မြန်မာနိုင်ငံ သို့ ကျူးကျော်ဝင်ရောက်မှုနှင့် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အကျိုးဆက်ကို ယနေ့တိုင် တိုင်းရင်းသားဒေသများ၌ ကြုံတွေ့နေရ လျက်ရှိသည်။
အမျိုးသားရေး
တာဝန်တစ်ရပ်အနေဖြင့် 
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော မူးယစ်ဆေးဝါးပြဿနာကို  တားဆီး နှိမ်နင်းရာ၌ ပင်ရင်း ထုတ်လုပ်၊ သိုလှောင်၊ ဖြန့်ဖြူးသူတို့ကို အဓိကထားဆောင်ရွက် ခြင်းနှင့် ကွင်းဆက်ပြတ်၍ ပိုင်ရှင် စုံစမ်း ဆဲဖြစ်သွားသော မူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိမှုကို တင်းကျပ်စွာဖြေရှင်းဆောင်ရွက်ခြင်းဖြင့် တစ်ချိန်တွင် ယခု ထက်ပိုမိုကြီးထွားလာနိုင်သော မူးယစ် ဆေးဝါးပြဿနာများကို ဖြေလျှော့စေမည် ဖြစ်သည်။ ထို့အပြင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့၏ လုပ်ပိုင်ခွင့် ကို အပြည့်အဝ   ဖြည့်ဆည်းမှုနှင့်အတူ ဆုပေး၊ ဒဏ်ပေးစနစ်ကို ပြင်ဆင်ဆောင် ရွက်ခြင်းသည်   တပ်ဖွဲ့ဝင်တို့၏ စွမ်းရည် ကို မြှင့်တင်စေလျက်ရှိသည်။


မူးယစ်ဆေးဝါး    သယ်ဆောင် ရောင်းဝယ်မှုမှ ရရှိလာသော ငွေကြေးနှင့် အကျိုးအမြတ်တို့သည့်   အကျင့်ပျက် ခြစားမှု၊ ငွေကြေးခဝါချမှု၊ တရားမဝင် သစ်ရောင်းဝယ်မှု၊ လူကုန်ကူးမှု၊   အစွန်း ရောက်   အကြမ်းဖက်တိုက်ခိုက်မှု၊ လက်နက်မှောင်ခိုမှုနှင့် ပင်လယ်ဓားပြမှု စသော နိုင်ငံဖြတ်ကျော်မှုခင်းများ အရှိန် မြင့်စေရန် လောင်စာသဖွယ် တွန်းအား ပေးလျက်ရှိသည်။ မြန်မာနိုင်ငံသည် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု၊ စိတ်ပြောင်း ဆေးဝါးများ ထုတ်လုပ်မှုနှင့် မူးယစ် ဆေးဝါးသုံးစွဲမှု ပြဿနာတို့ကို ရင်ဆိုင် နေရပြီး နိုင်ငံတော်အစိုးရမှ မူးယစ် ဆေးဝါးပပျောက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိရာ ပြည်သူတစ်ရပ် လုံး  ပူးပေါင်းပါဝင်တွန်းလှန်ခြင်းဖြင့် မူးယစ်ဆေးဝါးကင်းစင်၍   ဖွံ့ဖြိုးတိုး တက်သော နိုင်ငံတော်သစ်ကို တည် ဆောက်နိုင်မည် ဖြစ်သည်။

 b စာမျက်နှာ ၉ မှ 
ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကျဆင်း 
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် တရားမဝင်ဘိန်းစိုက်ပျိုးထုတ်လုပ်သော နိုင်ငံတစ်ခုဖြစ်ပြီး    နိုင်ငံတော်အစိုးရ အဆက်ဆက်နှင့် ပြည်သူလူထု ပူးပေါင်း ဆောင်ရွက်မှုဖြင့် တရားမဝင် ဘိန်းစိုက် ပျိုးမှုများ လျော့ကျလာခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု ဟက်တာ ၁၆၃၀၀၀ ရှိခဲ့ရာမှ   ၂၀၁၉ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှုမှာ ဟက်တာ ၃၃၁၀၀ ရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် ဟက်တာ ၂၉၅၀၀ ရှိခဲ့ရာ  ၂၀၁၉ ခုနှစ်ထက် ၁၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ၂၀၁၉ ခုနှစ် တွင် ဘိန်းထုတ်လုပ်မှုအနေဖြင့် ၅၀၈ မက်ထရစ်တန်ရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် ၄၀၅ မက်ထရစ်တန်သာရှိရာ ၂၀၁၉ ခုနှစ်ထက် ၂၀ ရာခိုင်နှုန်း သိသိသာသာ ကျဆင်းခဲ့သည်။ ထို့အပြင် တရားမဝင် ဘိန်းခင်းများကို ၂၀၁၉-၂၀၂၀ ဘိန်းစိုက် ရာသီတွင် ၂၀၂၆ ဒသမ ၅၈ ဟက်တာနှင့် ၂၀၂၀-၂၀၂၁ ဘိန်းစိုက်ရာသီတွင် ၄၆၃၂ ဒသမ ၉၇ ဟက်တာ ဖျက်ဆီးနိုင်ခဲ့သည်။ ၂၀၁၄ ခုနှစ်မှစ၍ ဘိန်းစိုက်ပျိုး ထုတ် လုပ်မှု တစ်နှစ်ထက်တစ်နှစ် ကျဆင်း လာခြင်းသည်   နိုင်ငံတော်အစိုးရနှင့်  ဒေသခံပြည်သူတို့ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုလ သမဂ္ဂလက်အောက်ခံ    အဖွဲ့အစည်း ဖြစ်သော UNODC တို့နှင့်  ပူးပေါင်း ဆောင်ရွက်မှုကြောင့်ဖြစ်သည်။ မြန်မာ နိုင်ငံသည် တရားမဝင် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုမှာ   တတိယအဆင့်သို့    ကျဆင်းခဲ့သော်လည်း    ဒေသတွင်းနိုင်ငံ များနည်းတူ     လူလုပ်မူးယစ်ဆေးဝါးများ ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုနှင့် သုံးစွဲမှုပြဿနာများစွာ  ကြုံတွေ့နေရ လျက်ရှိသည်။ ထို့အပြင် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင်   အဓိကကျသော ပရီကာဆာဓာတုပစ္စည်းများ နယ်စပ် ဖြတ်ကျော်     သယ်ဆောင်ခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ဆက်စပ်သော နောက်ဆက်တွဲအန္တရာယ်များ မြင့်တက် လာမှုကို          ရင်ဆိုင်လာရလျက်ရှိ သည်။ 


ဈေးကွက်သဖွယ်ဖြစ်ပေါ်လာသော 
ဓာတုကုန်ကြမ်းပစ္စည်းများ


ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကျဆင်းလာမှုနှင့်အတူ ဘိန်းအခြေခံမူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာလည်း ကျဆင်းလာခဲ့သည်။ သို့ရာတွင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၌ မရှိမဖြစ်လိုအပ်သော ပရီကာဆာဓာတု အစပြုကုန်ကြမ်းများ    တရားမဝင် သယ်ဆောင်ရောင်းဝယ်မှုမှာ မြင့်မားလာ လျက်ရှိသည်။ ဒေသတွင်း စိတ်ပြောင်း ဆေးဝါးထုတ်လုပ်မှု မြင့်မားလာမှုကြောင့် မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှု    တိုးမြင့် လာသော်လည်း အသွင်ပြောင်းလာသော လူလုပ်မူးယစ်ဆေးဝါး (synthetic drug) ထုတ်လုပ်မှုကျဆင်းခြင်းမရှိဘဲ ဈေးနှုန်း သက်သာပြီး အရည်အသွေးပိုမိုကောင်း မွန်သော မူးယစ်ဆေးဝါးတို့ကို ပိုမိုထုတ် လုပ်လာလျက်ရှိသည်။ ထိုသို့ ထုတ်လုပ် နိုင်ရန် ဈေးကွက်သဖွယ်ဖြစ်ပေါ်လာသော ဓာတုကုန်ကြမ်းပစ္စည်းများ   အရေးပါ လျက်ရှိပြီး   အသွင်ပြောင်းလဲလာသော လူလုပ်မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုကုန်ကြမ်းပစ္စည်းတို့ကို အိမ်နီးချင်းနယ်စပ်ဒေသတို့မှ တရားမဝင်ဝင်ရောက်လျက်ရှိသောကြောင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ       နှစ်စဉ်ဖော်ထုတ် ဖမ်းဆီးရမိလျက်ရှိသည်။


ဓာတုပစ္စည်းထိန်းချုပ်ရေး
ဆောင်ရွက်မှု Precursor
ပရီကာဆာ (Precursor) ဓာတု ပစ္စည်းများ မပါဝင်ဘဲ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ထုတ်လုပ်၍ မရနိုင်သဖြင့် Precursor ဓာတုပစ္စည်းများ ထိန်း ချုပ်ရေးအခန်း ကဏ္ဍသည် အလွန်အရေးပါလာပါသည်။ ထိန်းချုပ်ဓာတုပစ္စည်းများသည် လူသုံး/ အိမ်သုံးကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင်         လည်းကောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း များတွင်လည်းကောင်း မရှိမဖြစ်သုံးစွဲနေရ သဖြင့် ပြည်ပမှ         တင်သွင်းရာတွင် ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေး   နည်း ဥပဒေနှင့်အညီ ခွင့်ပြုဆောင်ရွက်လျက် ရှိပါသည်။ ထိန်းချုပ် ဓာတုပစ္စည်းများသည်    နည်းလမ်း အမျိုးမျိုး၊   ပုံသဏ္ဌာန်အမျိုးမျိုး ဖြင့်    မြန်မာနိုင်ငံအတွင်း     တရားမဝင် တင်သွင်းလျက်ရှိသည်ကို ဖမ်းဆီးရမိမှု များအရ တွေ့ရှိရပါသည်။ တရားဝင် တင်သွင်းမှုမှ လမ်းလွဲရောက်ရှိမှု မရှိစေ ရေးနှင့် တရား မဝင်တင်သွင်းမှုမရှိစေရေး ပို့ကုန်ကြိုတင် သတင်းပေးစနစ်     (Pre-Export Notification-PEN) စနစ်ကို အသုံးပြုကာ ပြည်ပနိုင်ငံများနှင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိပါသည်။       မြန်မာနိုင်ငံ တွင် ထိန်းချုပ်ဓာတုပစ္စည်း ၃၉ မျိုးကို ထိန်းချုပ်ဆောင်ရွက်ခြင်းဖြင့်   မူးယစ် ဆေးဝါး ကြိုတင်ကာကွယ်ရေး   လုပ်ငန်း များ ဆောင်ရွက်လျက်ရှိပါသည်။


စံချိန်စံညွှန်းနှင့်အညီ 


မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့သည် ၂၀၁၆ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ကမ္ဘာ့မူးယစ်ဆေးဝါးပြဿနာများဆိုင်ရာ အထူးအစည်းအဝေးက ချမှတ်ခဲ့သော လမ်းညွှန်မှုနှင့်အညီ     မြန်မာနိုင်ငံ၌ အမျိုးသားမူးယစ်ဆေးဝါး     ထိန်းချုပ် ရေးမူဝါဒတစ်ရပ်ကို   ရေးဆွဲခဲ့သည်။ မူဝါဒကို   အထောက်အကူပြုစေမည့် အမျိုးသားမဟာဗျူဟာစီမံချက်ကို ဆက် လက်ရေးဆွဲခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ  ၅ ရက်နေ့တွင်            အတည်ပြုခဲ့သည်။ မြန်မာနိုင်ငံအပါအဝင်   တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကြုံတွေ့နေရသော ကိုဗစ်-၁၉ ရောဂါ   အခြေအနေကြောင့် အကောင်အထည်ဖော်  ဆောင်ရွက်နိုင် ခြင်း မရှိသေးသော်လည်း ရောဂါထိန်းချုပ် နိုင်သည့် အခြေအနေအပေါ်မူတည်ပြီး  ဒေသအလိုက်    လုပ်ငန်းစီမံချက်များ  ရေးဆွဲကာ ဆက်လက်အကောင်အထည် ဖော်  ဆောင်ရွက်မည်ဖြစ်သည်။ ထိုနည်း တူ  ၁၉၉၃ ခုနှစ် မူးယစ်ဥပဒေကို  ပြစ်မှု ပြစ်ဒဏ်များ ညီမျှစေရန်နှင့် နိုင်ငံတကာစံချိန်စံညွှန်းနှင့်ကိုက်ညီစေရန် ပြန်လည် ရေးဆွဲခဲ့ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေသစ်တစ်ရပ် ထုတ်ပြန်ကြေညာခဲ့သည်။


ပင်လယ်ရေကြောင်းကိုအသုံးပြု၍ 


မူးယစ်ဆေးဝါး သယ်ဆောင်သူတို့ သည် ကုန်းကြောင်းလမ်း၊ လေကြောင်း လမ်းနှင့် ရေကြောင်းလမ်းကို အသုံးပြု လျက်ရှိရာ ယခုနောက်ပိုင်းတွင် ကုန်ကျ စရိတ်သက်သာပြီး ထိခိုက်မှုနည်းသော ရေကြောင်းလမ်းကို အသုံးပြုမှုများလာခြင်း ကြောင့် နိုင်ငံတကာရဲတပ်ဖွဲ့နှင့် သက်ဆိုင် ရာနိုင်ငံတို့မှ ရဲတပ်ဖွဲ့တို့ ပူးပေါင်းဖမ်းဆီး လျက်ရှိသည်။ ပင်လယ်ရေလမ်းကြောင်း ကိုအသုံးပြုပြီး   သယ်ဆောင်ရာတွင် ပင်လယ်လမ်းကြောင်း၏   သဘော သဘာဝအရ စစ်ဆေးရေးဂိတ်များနည်းပါး ခြင်း၊ ကုန်ပစ္စည်းများစွာ တင်ဆောင်နိုင် ခြင်း၊ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ လုပ်ဆောင်ရန် အကန့်အသတ်များရှိနေ ခြင်း၊ ခရီးဝေးကွာစွာပို့ဆောင်နိုင်ခြင်းတို့ကြောင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတွင် စိန်ခေါ်မှုပမာ ကြုံတွေ့ရလျက် ရှိသည်။ ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါကြောင့် နိုင်ငံတကာတွင် မူးယစ် ဆေးဝါးထုတ်လုပ်မှုနှင့်   သယ်ဆောင်၊ ရောင်းဝယ်မှုပုံစံများ   ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံ များ၌ COVID-19 ကပ်ရောဂါ ကာလ အတွင်း ပင်လယ်ရေကြောင်းကို အသုံးပြု ၍     မူးယစ်ဆေးဝါး    သယ်ဆောင် ရောင်းဝယ်မှု         မြင့်တက်ခဲ့သည်။ တပ်မတော်၊       မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါး   တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့မှ ၂၀၂၀ ပြည့်နှစ်အတွင်း ပင်လယ်ရေကြောင်းကိုအသုံးပြု၍ ပြည်ပ နိုင်ငံများသို့ ပို့ဆောင်မည့်  အိုက်စ် ၆ ဒသမ ၄ တန်ကျော်၊ ကတ်တမင်း ကီလို ၄၉၀ နှင့် စိတ်ကြွဆေးပြား သုည ဒသမ ၁၉ သန်းတို့ကို ကြားဖြတ်ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။ ထိုသို့ ဖမ်းဆီးရရှိမှုများသည် ပင်လယ်ရေကြောင်းကို   အသုံးပြု၍ မူးယစ်ဆေးဝါး သယ်ဆောင်မှုပုံသဏ္ဌာန် ပြောင်းလဲလာမှုအပေါ် နိုင်ငံတော်မှ မျက်ခြည်မပြတ် ဖိဖိစီးစီးဖြင့် အရေးယူ ဆောင်ရွက်နေမှုကို    ပြသလျက်ရှိ  သည်။


 သမိုင်းကျန်ရစ်မည့်မှတ်တိုင်များ


တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့် ဒေသခံပြည်သူတို့ လက်တွဲပူးပေါင်း ဆောင်ရွက်မှုဖြင့်  ဘိန်းဖြူအပါအဝင် မူးယစ်ဆေးဝါး    အမြောက်အမြားကို အဆိုပါ အထူးစစ်ဆင်ရေးတို့တွင် စံချိန် တင် ဖမ်းဆီးနိုင်ခဲ့ရာ ဒေသတွင်းနိုင်ငံ တို့၏ အသိအမှတ်ပြုခံရမှုမှာ မြန်မာ နိုင်ငံရဲတပ်ဖွဲ့အနေဖြင့်  နိုင်ငံအတွက် ဂုဏ်တင့်စေလျက်ရှိသည်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်း     ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာ၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံတို့ပါဝင်သော   ‘မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ မဲခေါင်နားလည်မှု စာချွန်လွှာ’   ဝန်ကြီးအဆင့်အစည်း အဝေးကို ကျင်းပခဲ့ရာ  ရွှေတြိဂံဒေသ အတွင်းသို့ မူးယစ်ဆေးဝါးထုတ်လုပ်ရာ တွင် အသုံးပြုသည့် ပရီကာဆာဓာတု ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေးနှင့် ရွှေတြိဂံဒေသမှ  မူးယစ်ဆေးဝါးများ အခြားဒေသသို့ ပျံ့နှံ့မှုမရှိစေရန် မဲခေါင် MoU ခြောက်နိုင်ငံပူးပေါင်းဆောင်ရွက် သော   အထူးစစ်ဆင်ရေးတစ်ရပ်ကို ဆောင်ရွက်ရန် သဘောတူညီမှု ရရှိခဲ့ သည်။ ထိုစစ်ဆင်ရေးမှာ တပ်မတော်  နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ပူးပေါင်းဆောင် ရွက်သည့် “Operation 1511” အထူး စစ်ဆင်ရေးဖြစ်ပြီး  ထိုစစ်ဆင်ရေးကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှ မတ်လ ၃၁ ရက်ထိ ဆောင်ရွက်ခဲ့ရာ တပ်မတော် နှင့်    မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏    စွမ်း ဆောင်ရည်ကို ကမ္ဘာ့အလယ်တွင်    ချပြ နိုင်ခဲ့သည်။         m စာမျက်နှာ ၁၀ မှ
စစ်ဆင်ရေးကာလသည်  ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေသည့်အချိန် ကာလ ဖြစ်သော်လည်း မြန်မာ့မြေပေါ် တွင် မူးယစ်ဆေးဝါးကင်းစင်ပပျောက်လိုသော  နိုင်ငံတော်အစိုးရအနေဖြင့် တားဆီးနှိမ်နင်းရေး  လုပ်ငန်းများကို နိုင်ငံတကာနှင့်ပူးပေါင်း၍  အရှိန်အဟုန် မြှင့် ဆောင်ရွက်ခဲ့ရာ အောင်မြင်မှု၏ အသီးအပွင့်အဖြစ် ဒေသတွင်းနိုင်ငံများ ကြား အပြန်အလှန်လေးစားယုံကြည် မှုကို ရရှိလျက်ရှိသည်။ 


ထို ‘Operation 1511’    အထူး စစ်ဆင်ရေးတွင် တပ်မတော်၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့တို့ ရရှိသောသတင်းများနှင့် အမေရိကန်   မူးယစ်ဆေးဝါးတားဆီး   နှိမ်နင်းရေးအုပ်ချုပ်မှုအဖွဲ့    (DEA)၊   ဩစတြေးလျ   ပြည်ထောင်စုရဲတပ်ဖွဲ့ (AFP)တို့ သတင်းဖလှယ်ပူးပေါင်းဆောင် ရွက်မှုဖြင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ မှ    မေလအတွင်း    ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာအုပ်စု   လွယ်ခန် ကျေးရွာအနီး ပတ်ဝန်းကျင်၌ မူးယစ် ဆေးဝါးနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာ တွင် အသုံးပြုသော ဓာတုပစ္စည်းများ အပါအဝင် ဆက်စပ်ပစ္စည်းကျပ် ၄၁၄ ဒသမ ၄ ဘီလီယံကျော်ကို   စံချိန်တင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ ထိုနှစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးစစ်ဆင် ရေးမှ နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် ကျပ် ၂၇၈၂ သန်းကျော်ကို သိမ်းဆည်းနိုင်ခဲ့ သည်။
ထိုနည်းတူ ၂၀၂၀  ပြည့်နှစ်အတွင်း ရှမ်းပြည်နယ်နှင့် ဆက်စပ်တိုင်းဒေသကြီး၊ ပြည်နယ်တို့၌ ရှမ်းရိုးမ-၃၊  မန်းကမ္ဘောဇ-၂ အထူးစစ်ဆင်ရေးတို့ကို ထပ်မံဆောင်ရွက်ခဲ့ ရာ ၂၀၁၃ ခုနှစ်မှစ၍ ၂၀၂၁ ခုနှစ် ဧပြီလ အထိ အထူးစစ်ဆင်ရေးပေါင်း  ၃၁ ကြိမ် ဆောင်ရွက်နိုင်မှုသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အောင်မြင်မှုကို     ကမ္ဘာ့နိုင်ငံများသို့ လက်တွေ့ပြသနိုင်ခဲ့သည်။


၂၀၂၁ ခုနှစ်တွင် လာအို-မြန်မာ-ထိုင်း သုံးနိုင်ငံအကြား မိမိနိုင်ငံအလိုက် တစ်ချိန်တည်း၊  တစ်ပြိုင်တည်း ဆောင် ရွက်ခဲ့သည့်   “ဘေးကင်းလုံခြုံသော မဲခေါင်စစ်ဆင်ရေးစီမံချက်”တွင် ထိုင်း နိုင်ငံနှင့် ထိစပ်သော မြန်မာနိုင်ငံမှ တာချီ လိတ်ခရိုင်၊  မိုင်းဆတ်ခရိုင်တို့ပါဝင်ခဲ့ရာ ရှမ်းပြည်နယ်အတွင်း ဖေဖော်ဝါရီလ ၁ ရက်မှ ဧပြီလ ၃၁ ရက်အထိ ဆောင်ရွက်ခဲ့ သည့် ရှမ်းရိုးမ-၄ အထူးစစ်ဆင်ရေးနှင့် ချိတ်ဆက်၍   ဟန်ချက်ညီညီဆောင် ရွက်ခဲ့ရာ အောင်မြင်မှုများစွာရရှိခဲ့သည်။ ထိုသို့    အောင်မြင်မှုအသီးအပွင့်ရရှိ ခြင်းသည် ပြည်သူလူထု၏ ပူးပေါင်းပါဝင် မှုစွမ်းရည်ကိုပြသခြင်းဖြစ်ပြီး နိုင်ငံတော် က ဖော်ဆောင်သော  ကဏ္ဍအသီးသီးတွင် နိုင်ငံသားတို့၏  အမျိုးသားရေးနိုးကြား မှုမှာ အထူးအရေးပါလျက်ရှိရာ မြန်မာ နိုင်ငံရဲတပ်ဖွဲ့အနေဖြင့်   တစ်နှစ်ထက် တစ်နှစ်     စံချိန်တင်ဖမ်းဆီးနိုင်ရန် စွမ်းစွမ်းတမံ   ကြိုးပမ်းဆောင်ရွက်မှုသည် နိုင်ငံတော်အတွက်   သမိုင်းကျန်မည့် မှတ်တိုင်များပင်ဖြစ်သည်။


နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက် 


မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအတွက် ကုလသမဂ္ဂမူးယစ် ဆေးဝါးဆိုင်ရာ     ကွန်ဗင်းရှင်းတို့တွင် ပူးပေါင်းပါဝင်    လက်မှတ်ရေးထိုးပြီး နိုင်ငံတကာ မူးယစ်ဆေးဝါးထိန်းချုပ်ရေး အဖွဲ့ (INCB)၊ ကုလသမဂ္ဂမူးယစ်ဆေးဝါး နှင့် မှုခင်းဆိုင်ရာရုံး(UNODC)နှင့်  အစိုးရ မဟုတ်သောအဖွဲ့အစည်းများ(INGO)နှင့်လည်း မူးယစ်ဆေးဝါးဆိုင်ရာလုပ်ငန်းတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ရန်ကုန်မြို့အခြေစိုက် အမေရိ ကန်မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အုပ်ချုပ်မှုအဖွဲ့   (DEA)၊ ဩစတြေးလျ ပြည်ထောင်စုရဲအဖွဲ့(AFP)၊   ထိုင်းနိုင်ငံ  မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB)၊ တရုတ်နိုင်ငံအမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးကော်မရှင် (NNCC)တို့နှင့် လည်း နွေးထွေးစွာ ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။ မူးယစ်ဆေးဝါးပူးပေါင်း ထိန်းချုပ်ရေးကဏ္ဍတွင်လည်း   အမေ ရိကန်၊ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ လာအိုနိုင်ငံတို့ နှင့် နှစ်နိုင်ငံ   လက်မှတ်ရေးထိုးခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံနှင့်လည်း နားလည်မှု စာချွန်လွှာ(MoU)လက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။


မြန်မာနိုင်ငံသည်    ဒေသတွင်းနိုင်ငံ တို့နှင့်     ပူးပေါင်းဆောင်ရွက်မှုအဖြစ်  တရုတ်၊ မြန်မာ၊   ထိုင်း၊ ဗီယက်နမ်၊  ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့ပါဝင်သော  မဲခေါင်ဒေသခွဲခြောက်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေးဆိုင်ရာ  နားလည်မှု စာချွန်လွှာကို    ၁၉၉၃ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။    မြန်မာနိုင်ငံ သည် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံဖြစ် သည်နှင့်အညီ မူးယစ်ဆေးဝါးနှင့်ဓာတုပစ္စည်းများ တရားမဝင် သယ်ဆောင် ရောင်းဝယ်မှုတိုက်ဖျက်ရေး   ဘင်းမ် စတက်လုပ်ငန်းခွဲအုပ်စုကို   ဦးဆောင် နိုင်ငံအဖြစ်   တာဝန်ယူဆောင်ရွက် လျက်ရှိကာ အာဆီယံအဖွဲ့ဝင်   နိုင်ငံများ အတွင်း ကျင်းပလေ့ရှိသည့်    မူးယစ် ဆေးဝါးထိန်းချုပ်ရေးအစည်းအဝေးများသို့တက်ရောက်၍ တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်လျက်    အာဆီယံအဖွဲ့က ချမှတ်ထားသော ဘေးကင်းလုံခြုံသော လူမှုအဖွဲ့ဖြစ်စေရေး “မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အာဆီယံလုပ်ငန်းစီမံချက်” (၂၀၁၆-၂၀၂၅) (ASEAN Work Plan, 2016-2025)ကိုလည်း     လက်တွဲ ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံနှင့်  အိမ်နီးချင်းနိုင်ငံ များဖြစ်သော တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် MoU လက်မှတ် ရေးထိုး၍          မူးယစ်ဆေးဝါးထိန်းချုပ် ရေးဆိုင်ရာ လုပ်ငန်းတို့အတွက် နှစ်နိုင်ငံ အလှည့်ကျ အိမ်ရှင်အဖြစ်   ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။


(ဆက်လက်ဖော်ပြပါမည်)