တစ်နှစ်အတွင်း လက်တင်အမေရိကရှိ ပြည်သူ ၁၃ ဒသမ ၈ သန်းအထိ အငတ်ဘေးကြုံတွေ့ခဲ့ရကြောင်း ကုလသမဂ္ဂ လေ့လာမှုစစ်တမ်းတစ်ခု၌ဖော်ပြ

ဆန်တီယာဂို    ဒီဇင်ဘာ   ၁ 


လက်တင်အမေရိကနှင့်    မြေထဲပင်လယ်တို့တွင်     အငတ်ဘေးရင်ဆိုင်နေရသူပေါင်း   ၂၀၂၀ ပြည့်နှစ်တွင် ၁၃  ဒသမ  ၈  သန်းအထိ မြင့်တက်ခဲ့ကြောင်း ကုလသမဂ္ဂအဖွဲ့က ချီလီနိုင်ငံ ဆန်တီယာဂိုတွင် ကြေညာ ချက် ထုတ်ပြန်ခဲ့သည်။ 

 


အဆိုပါ   ကြေညာချက်တွင် ဒေသတွင်း  အငတ်ဘေးဖြစ်ပွားမှု သည်      ၂၀၀၀  ပြည့်နှစ်ကတည်း က     အမြင့်ဆုံးဖြစ်ခဲ့ကြောင်း၊ ထို့နောက် ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်တွင်    ၃၀  ရာခိုင်နှုန်း တက်လာခဲ့ကြောင်း     ဖော်ပြ ထားသည်။
အဆိုပါကိစ္စကို    ရှင်းရှင်း လင်းလင်းနှင့်      ကျယ်ကျယ် လောင်လောင် ပြောကြားရမည် ဖြစ်ကြောင်း၊   လက်တင်အမေရိက နှင့်  မြေထဲပင်လယ်တို့သည်စားနပ် ရိက္ခာဖူလုံမှုတွင်  ဆိုးရွားသော   အခြေအနေနှင့်    ရင်ဆိုင်နေရ ကြောင်း အစားအစာနှင့် လယ်ယာ စိုက်ပျိုးရေးအဖွဲ့ ဌာနေကိုယ်စား လှယ်     ဂျူလီယို    ဘားဒ်ဒိစ်က    တွစ်တာတွင် ပြောကြားခဲ့သည်။ 

 


ကိုဗစ်-၁၉  ကပ်ရောဂါသည် အခြေအနေကို    ပိုမိုဆိုးစေခဲ့ ကြောင်း၊ ဒေသတွင်း အငတ်ဘေး သည်   ၂၀၁၄  ခုနှစ်ကတည်းက မြင့်တက်လာခဲ့ကြောင်း   နိုင်ငံ တကာ လယ်ယာဖွံ့ဖြိုးတိုးတက် ရေး    ရန်ပုံငွေအဖွဲ့၏   ဒေသတွင်း ညွှန်ကြားရေးမှူး       ရိုဆာနာ ပိုလက်စ်ထရီက ပြောသည်။

 


မိမိတို့သည် စားနပ်ရိက္ခာစနစ် ၏ ပျော့ကွက်အားနည်းချက်ကို ပြုပြင်ရမည်ဖြစ်ကြောင်း ပိုလက်စ် ထရီက  ပြောသည်။   လက်တင် အမေရိက၏ ငတ်မွတ်ခေါင်းပါး မှုမှာ လတ်တလော တွင် ၉ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး ၁၅  နှစ်အတွင်း    အမြင့်ဆုံးဖြစ်သည်။ 

 


အဆိုပါလေ့လာမှုကို   အစား အစာနှင့်      စိုက်ပျိုးရေးအဖွဲ့၊ လယ်ယာ      ဖွံ့ဖြိုးတိုးတက်ရေး အပြည်ပြည်ဆိုင်ရာ ရန်ပုံငွေအဖွဲ့၊ ပန်အမေရိက ကျန်းမာရေးအဖွဲ့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊   ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်နှင့် ကုလ သမဂ္ဂကလေးများ   ရန်ပုံငွေအဖွဲ့ တို့က      ပူးတွဲလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။                    

ဆင်ဟွာ