တစ်နှစ်နှင့်ငါးလကြာ ရပ်နားထားရပြီးနောက် ခရီးသွားလုပ်ငန်းပြန်လည်စတင်ပြီဟု  ပါလက်စတိုင်းဝန်ကြီးချုပ်ပြော

 

 

ရမ်မလာ အောက်တိုဘာ ၂၅


ကိုဗစ် -  ၁၉  ကူးစက်ပျံ့နှံ့မှုများ ကြောင့်        တစ်နှစ်ခွဲနီးပါးခန့်   ခရီးသွားများ    ဝင်ရောက်မှုကို ရပ်နားထားခဲ့ရသော်လည်း ယခု အခါ ခရီးသွားလုပ်ငန်း ပြန်လည် စတင်ပြီဖြစ်ကြောင်း     ပါလက် စတိုင်း   ဝန်ကြီးချုပ်မိုဟာမက် အစ်ရှ်ထေးက        ပြောသည်။ အနောက်ဘက်ကမ်းမြို့  ဘတ်သ် လီဟမ်မြို့တွင်   ဖွံ့ဖြိုးတိုးတက် ရေး    စီမံကိန်းများအတွက်  ကတိ သစ္စာပြုပွဲအခမ်းအနားတွင်    ယခု လို ပြောကြားခဲ့ခြင်းဖြစ်သည်။ 
အစ္စရေးတို့သည်   နိုင်ငံခြား ခရီးသွားများကို    ဘတ်သ်လီဟမ်  မြို့တွင် ညအိပ်ရန်  ခွင့်မပြုခဲ့သော် လည်း ယခုအခါ   အဆိုပါမြို့တွင် ပြည်တွင်းပြည်ပ   ခရီးသွားများ အတွက်   အဆင်သင့်ဖြစ်နေပြီဟု ၎င်းက ဆက်ပြောသည်။ 
ဂျေရုဆလင်  အရှေ့ပိုင်းနှင့်  ဘတ်သ်လီဟမ်မြို့       အတွင်း ဟိုတယ်များတွင်   ညအိပ်ညနေ နားနေနိုင်ရန် လိုအပ်ချက်များ အားလုံးကို   ပါလက်စတိုင်းအစိုးရ က   ပြင်ဆင်ထားသည်ဟု   သိရ သည်။ နိုဝင်ဘာ ၆ ရက်မှစတင်ကာ နိုင်ငံခြားခရီးသွားများ  ပါလက် စတိုင်းဟိုတယ်များတွင်   တည်းခို နိုင်ရန်   ကြိုတင်မှာယူနိုင်ပြီဟု လည်း   ပါလက်စတိုင်း   ခရီးသွား လုပ်ငန်းနှင့်   ရှေးဟောင်းအမွေ အနှစ်ဝန်ကြီးဌာနက ပြောသည် ။ 
ပြီးခဲ့သည့် မတ်လမှစတင်ကာ ကိုဗစ် - ၁၉ ကူးစက်မှုပထမလှိုင်း အတွင်း     ဘတ်သ်လီဟမ်မြို့ရှိ ဟိုတယ်ပေါင်း ၇၀  ခန့်မှာ ရပ်နား ထားရသည်။ ယင်းကြောင့် ဒေသခံ များတွင်    အလုပ်လက်မဲ့ဦးရေမှာ လည်း များပြားလာခဲ့ရသည်။ 
ထိုအချိန်မှစတင်၍ မည်သည့် နိုင်ငံခြားသား ခရီးသွားမှ ဘတ်သ် လီဟမ်မြို့သို့         လာရောက် လည်ပတ်ခဲ့ခြင်းမရှိပေ။  ဆင်ဟွာ