
ကိတ်တောင်း ဒီဇင်ဘာ ၄
တောင်အာဖရိကနိုင်ငံသည် ကိုဗစ်-၁၉ မျိုးကွဲ အိုမီခရွန် ကူးစက်မှုများပြားလာခြင်းနှင့် ရင်ဆိုင်နေ ရပြီး နေ့စဉ်ကူးစက်ခံရသူအရေအတွက်မှာ သုံးလ တာအတွင်း ပထမဆုံးအကြိမ်အဖြစ် ၁၀၀၀၀ အထိ ရှိလာခဲ့သည်။
နိုဝင်ဘာလအတွင်း ကိုဗစ်-၁၉ မျိုးကွဲကို တွေ့ရှိ ရပြီးနောက် တိုင်းပြည်အတွင်း အာဏာပိုင်များ က သတိပေးသံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့သည်။
ဒီဇင်ဘာ ၂ ရက်တွင် ကိုဗစ် -၁၉ နောက်ထပ် ကူးစက်ခံရသူ ၁၁၅၃၅ ဦးရှိခဲ့သည်။ ယခင်ရက်များ အတွင်း နေ့စဉ်ကူးစက်မှုမှာ ၃၀၀ အထက်သာ ရှိခဲ့ရာ ကူးစက်ခံရမှုအရေအတွက်မှာ တစ်ရှိန်ထိုးမြင့်မားလာခြင်းပင်ဖြစ်သည်။
တောင်အာဖရိကနိုင်ငံသည် ကိုဗစ် -၁၉ စတုတ္ထ အကျော့နှင့် ရင်ဆိုင်နေရသည်ဟု ကျန်းမာရေးဝန်ကြီး ဂျိုးဖာလာက ပြောသည်။ အိုမီခရွန်ကူးစက်မှုကြောင့် ယခုလို ကူးစက်မှုများ တစ်ရှိန်ထိုးမြင့်မားလာခြင်းပင် ဖြစ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့ သည်။
နိုဝင်ဘာလအတွင်း နောက်ထပ်ကူးစက်ခံရသူ ၂၄၉ ဦး၏ နမူနာများကို လေ့လာရာ ဒယ်လ်တာ ကူးစက်ခံရသူ ၂၂ ရာခိုင်နှုန်းရှိပြီး ၇၄ ရာခိုင်နှုန်းမှာ အိုမီခရွန်ကူးစက်ခံရသူများဖြစ်သည်ဟု ကျန်းမာ ရေးအာဏာပိုင်များက ပြောသည်။
တောင်အာဖရိက၌ ၃၀ ရာခိုင်နှုန်းသာ ကာကွယ်ဆေးထိုးရသေးသည်။ အိုမီခရွန်မျိုးကွဲမှာ ကူးစက်မှုအလွန်လျင်မြန်သည်ဟု သုတေသနရလဒ် များအရ သိရကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။
ကာကွယ်ဆေးထိုးခြင်းကသာလျှင် ဆိုးဆိုး ရွားရွားဖျားနာခြင်းမှ အကာအကွယ်ပေးနိုင်သည်ဟု ၎င်းက တိုက်တွန်းထားသည်။
အင်န်အိတ်ချ်ကေ