
ကိပ်တောင်း နိုဝင်ဘာ ၂၉
နိုင်ငံအတွင်း အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မြင့်တက်လာခြင်းနှင့်ပတ်သက်၍ စိုးရိမ်မိကြောင်းနှင့် သတိဝီရိယထားရှိကြရန် တောင်အာဖရိကနိုင်ငံရှိ နိုင်ငံသားများအား တောင်အာဖရိကသမ္မတ ရာမာဖိုဆာက ယမန်နေ့တွင် ပြောကြားသည်။
အဆိုပါ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်သည် စိုးရိမ်ဖွယ်ကောင်းသော ဗီဇပြောင်း ဗိုင်းရပ်စ်အမျိုးအစားဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားသည်။ တောင်အာဖရိကနိုင်ငံ၌ ယခုသီတင်းပတ်တွင် နေ့စဉ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ သူသည် ပြီးခဲ့သောသီတင်းပတ်ကထက် သုံးဆမျှပိုမိုများပြားနေကြောင်း သိရသည်။
ထို့ပြင်နိုင်ငံသားများအား နှာခေါင်းစည်းတပ်ဆင်ခြင်းနှင့် လူစုလူဝေးရှောင်ရှား ခြင်းကဲ့သို့သော ကိုဗစ်-၁၉ရောဂါဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းများကို လိုက်နာ ဆောင်ရွက်ရန်လည်း သမ္မတ ရာမာဖိုဆာက တိုက်တွန်းခဲ့သည်။ ထို့ပြင် ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ ရင်ဆိုင်နေရသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သာတူညီမျှ မရရှိမှုအပေါ် ထိန်းညှိဆောင်ရွက်ပေးရန် ဖွံ့ဖြိုးပြီးနိုင်ငံများအား သမ္မတ ရာမာဖိုဆာက တိုက်တွန်းခဲ့သည်။
ကိုးကား-အင်န်အိတ်ချ်ကေ၊ ဘာသာပြန်-စိုးသူရ