တောင်ကိုရီးယား အာဏာရဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌအဖြစ် လီဂျေမြောင်အား ရွေးချယ်

ဆိုးလ်   အောက်တိုဘာ   ၁၀ 


တောင်ကိုရီးယား           အာဏာရ ဒီမိုကရက်တစ်ပါတီက  ဂျောင်ဂီစီရင်စု အုပ်ချုပ်ရေးမှူး လီဂျေမြောင်အား ပါတီ ဥက္ကဋ္ဌအဖြစ်   ရွေးချယ်လိုက်ကြောင်း ယနေ့သတင်းများအရ သိရသည်။ 


ဝင်ရောက်ယှဉ်ပြိုင်မည်


ပါတီဥက္ကဋ္ဌ     လီဂျေမြောင်သည် လာမည့်နှစ်  မတ်လအတွင်း   ကျင်းပမည့် သမ္မတရွေးကောက်ပွဲတွင်   ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ 
သမ္မတ မွန်ဂျေအင်းအား ထောက်ခံ သည့် ဒီမိုကရက်တစ်ပါတီက ပါတီဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်မှုဆိုင်ရာ နောက်ဆုံး ရလဒ်များကို ယနေ့ ကြေညာသည်။ ပါတီ ဥက္ကဋ္ဌ ရွေးကောက်ပွဲကို နိုင်ငံတစ်ဝန်းရှိ နေရာ ၁၁ နေရာတွင် ကျင်းပပြုလုပ်သည်။ 


လီဂျေမြောင်သည်    ထောက်ခံမဲ အများဆုံးရရှိကြောင်း    ဒီမိုကရက်တစ် ပါတီက ယနေ့ကြေညာသည်။ 
လီဂျေမြောင်၏ မူဝါဒဆိုင်ရာ အချက် အလက်များသည် လွယ်ကူနားလည်နိုင် သည့်အတွက် ပါတီဝင်ဆန္ဒမဲပေးသူများ အကြား ရေပန်းစားလျက်ရှိသည်။ 
နိုင်ငံသားတိုင်း၏     စီးပွားရေး သာယာဝပြောမှုအတွက်   အာမခံချက် ပေးနိုင်သည့် အခြေခံလုပ်ခလစာပေးချေမှု အစီအစဉ်တစ်ရပ်ကို  ချမှတ်အကောင် အထည်ဖော်ဆောင်ခြင်းဖြင့်   နိုင်ငံ၏ ချမ်းသာကြွယ်ဝမှု ကွာဟခြင်းပြဿနာကို ဖြေရှင်းနိုင်ကြောင်း   လီဂျေမြောင်က ဆိုသည်။ 


သမ္မတ     မွန်ဂျေအင်း     ပြီးနောက် တောင်ကိုရီးယားသမ္မတအသစ်   နေရာ အတွက်    လီဂျေမြောင်သည်  အသင့် တော်ဆုံးဖြစ်ကြောင်း  ဂူးအပ်ကိုရီးယား အဖွဲ့၏ စစ်တမ်းတစ်ရပ်အရ သိရသည်။


အတိုက်အခံပါတီဖြစ်သည့် ပြည်သူ့ အင်အားစုပါတီက ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ၎င်း၏ သမ္မတ လောင်း  အရေအတွက်ကို လေးဦးအထိ လျှော့ချခဲ့ပြီး    ဝင်ရောက်ယှဉ်ပြိုင်မည့်သူ များစာရင်းကို  နိုဝင်ဘာလတွင် ထုတ်ပြန် ကြေညာမည်ဖြစ်သည်။


စွပ်စွဲထား


လီဂျေမြောင်သည်      ဆောင်နမ် မြို့တော်ဝန်အဖြစ်    တာဝန်ထမ်းရွက်စဉ်က အဆိုပါမြို့ရှိ   ကျေးလက်ဒေသ  ဖွံ့ဖြိုး တိုးတက်ရေး   စီမံကိန်းတစ်ခုတွင်  ပါဝင် ပတ်သက်ခဲ့သည်ဟု  ပြည်သူ့အင်အားစု ပါတီက    လီဂျေမြောင်အား   စွပ်စွဲထား ကြောင်း သိရသည်။


ကိုးကား - အင်န်အိတ်ချ်ကေ 
ဘာသာပြန် - အောင်ကျော်ကျော်