တောင်ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးရရှိရန် ကြိုးစားမှုများကို  ရပ်တန့်သွားမည်မဟုတ်ဟု တောင်ကိုရီးယားသမ္မတပြော

 

 

ဆိုးလ် ဇန်နဝါရီ  ၃ 
တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်းက သူ၏သမ္မတ သက်တမ်း မေလမှာ ပြီးဆုံးမည့်တိုင် သူ၏အစိုးရအဖွဲ့ သည် တောင်ကိုရီးယားကျွန်းဆွယ် စဉ်ဆက်မပြတ် ငြိမ်းချမ်းရေးရရှိရန်   ကြိုစားမှုများကို   ရပ်တန့် သွားမည်မဟုတ်ကြောင်း   ဇန်နဝါရီ   ၃   ရက်က ပြောကြားလိုက်သည်။ 
မွန်က  နောက်ဆုံးသမ္မတသက်တမ်း  နှစ်သစ် မိန့်ခွန်းတွင် ထိုသို့ပြောကြားလိုက်ခြင်းဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံသည်  မြောက်ကိုရီးယားနိုင်ငံ နှင့်  နှစ်နိုင်ငံဆက်ဆံရေးအတွက်  ကာလရှည်ကြာ သွားရဦးမည်ဖြစ်သည်။
မကြာမီ ကိုရီးယားနှစ်နိုင်ငံသည် ဆွေးနွေးညှိနှိုင်း မှုများနှင့်  ပူးပေါင်းဆောင်ရွက်မှုများကို  ပြန်လည် စတင်ခဲ့မည်ဆိုပါက နိုင်ငံတကာအသိုင်းဝိုင်းက အပြု သဘော  တုံ့ပြန်ကြမည်ဖြစ်ကြောင်း  မွန်က  ပြော သည်။
မွန်က  သူ၏အစိုးရသည်  ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးပုံမှန်အတိုင်း     ပြန်ဖြစ်ရန်    ကြိုးစား လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် နောက်တက် လာမည့်   အစိုးရအဖွဲ့သည်   မြောက်ကိုရီးယားနှင့်  ဆက်လက်ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်သွား မည်ဟု မျှော်လင့်ကြောင်း ပြောသည်။ 
သမ္မတရွေးကောက်ပွဲကို  မတ်  ၉  ရက်တွင် ရွေးကောက်ရန် လျာထားသည်။ မွန်ဂျယ်အင်း အစိုးရ အဖွဲ့သည် ထာဝရအပစ်ရပ်စဲရေးကို နိဂုံးချုပ်စေမည့် ၁၉၅၀-၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲ အဆုံးသတ် ကြောင်း   ကြေညာရန်    ကြိုးစားခဲ့သော်လည်း   လက်ဆုပ်လက်ကိုင်ပြနိုင်သော    အဆုံးသတ်မှုမျိုး   မရောက်နိုင်ဘဲဖြစ်နေသည်။                       ဆင်ဟွာ