
ဆိုးလ် ဒီဇင်ဘာ ၁၄
တောင်ကိုရီးယားနိုင်ငံတွင် ဒီဇင်ဘာ ၁၃ ရက် ညသန်းခေါင်အထိ ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွား သူ ၅၅၆၇ ဦး တိုးလာပြီးနောက် စုစုပေါင်းကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၅၂၈၆၅၂ ဦးအထိ ရှိလာခဲ့ သည်။
နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် ယမန် နေ့ အမြင့်ဆုံး ကူးစက်ဖြစ်ပွားသူအရေအတွက် ၅၈၁၇ ဦးထက် အနည်းငယ်လျော့နည်းခဲ့သည်။
မကြာသေးမီက မြင့်တက်လာသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများသည် ဆိုးလ်ဒေသ၏ ကိုဗစ်-၁၉ အစုလိုက် ကူးစက်ဖြစ်ပွားမှုကြောင့် ဖြစ်ကြောင်း သိရသည်။
ထပ်မံဖြစ်ပွားသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ များအနက် ၂၀၅၃ ဦးမှာ ဆိုးလ်ဒေသခံများဖြစ်ကာ ၁၄၈၆ ဦးမှာ ချုံဂီပြည်နယ်မှဖြစ်ပြီး ၃၄၈ ဦးမှာ အင်ချွန်မှဖြစ်သည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများသည် မြို့တော် မဟုတ်သော ဒေသတွင်လည်း ကူးစက်ပျံ့နှံ့လျက်ရှိပြီး မြို့တော်မဟုတ်သောဒေသများတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၁၆၃၈ ဦး သို့မဟုတ် ၂၉ ဒသမ ၆ ရာခိုင်နှုန်းရှိလာခဲ့သည်။
အိုမီခရွန်ဗိုင်းရပ်စ်သစ်ကူးစက်ခံရသူ ၁၁၉ ဦး အထိရှိလာခဲ့ပြီး နိုင်ငံခြားကူးစက်ဖြစ်ပွားသူ ၂၈ ဦး နှင့် ပြည်တွင်းကူးစက်ဖြစ်ပွားသူ ၉၁ ဦး ဖြစ်ကြောင်း သိရသည်။ ယမန်နေ့ကထက် ငါးဦး တိုးလာခဲ့သည်။ ကိုဗစ်-၁၉ ကူးစက်ခံထားရပြီး စိုးရိမ်ရသောအခြေအနေခံစားနေရသူ ၉၀၆ ဦးအထိ တိုးလာခဲ့ပြီး ယမန်နေ့ကထက် ၃၀ မြင့်တက်ခဲ့သည်။
ကိုဗစ်-၁၉ ကြောင့် ၉၄ ဦး ထပ်မံသေဆုံးခဲ့သောကြောင့် စုစုပေါင်း သေဆုံးသူ ၄၃၈၇ ဦးအထိ ရှိလာခဲ့ပြီး သေဆုံးနှုန်းမှာ ၀ ဒသမ ၈၃ ရာခိုင်နှုန်းရှိသည်။
ဖေဖော်ဝါရီ ၂၆ ရက်တွင် အစုလိုက်ကာကွယ်ဆေးထိုးမှုများစတင်ပြုလုပ်ခဲ့ချိန်မှစကာ ယခုအချိန် အထိ လူပေါင်း ၄၃၀၄၀၉၆၇ ဦး စုစုပေါင်း နိုင်ငံ့ လူဦးရေ၏ ၈၃ ဒသမ ၈ ရာခိုင်နှုန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခဲ့ပြီးဖြစ်သည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူပေါင်း ၄၁၇၅၆၄၄၆ ဦးသို့မဟုတ် ၈၁ ဒသမ ၃ ရာခိုင်နှုန်းရှိပြီဖြစ်ပြီး အပိုဆောင်း ကာကွယ်ဆေး ထိုးပြီးသူ ၇၁၁၉၉၄၈ သို့မဟုတ် ၁၃ ဒသမ ၉ ရာခိုင်နှုန်းရှိသည်။ ဆင်ဟွာ