တောင်ကိုရီးယား၌ ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူ ၇၆ ဒသမ ၉ ရာခိုင်နှုန်းရှိ

 

 

ဆိုးလ်    နိုဝင်ဘာ   ၉  


တောင်ကိုရီးယားနိုင်ငံ၌  နိုဝင်ဘာ  ၈  ရက်  ညသန်းခေါင်အထိ   ကိုဗစ်-၁၉    ထပ်မံကူးစက်ဖြစ်ပွားသူ  ၁၇၁၅ ဦး တိုးလာပြီးနောက် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၃၈၃၄၀၇ ဦးအထိ ရှိလာခဲ့ကြောင်း  သိရသည်။ 
နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် ယခင် ရက်များထက် ၁၇၅၈ ဦးကျဆင်းခဲ့သော်လည်း ဇူလိုင်  ၇ ရက်မှစကာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၀၀၀ အထက်ရှိခဲ့သည်မှာ ရက်ပေါင်း ၁၀၀ ကျော်လာပြီ ဖြစ်သည်။ 
မကြာသေးမီက  မြင့်တက်လာသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများသည် ဆိုးလ်ဒေသ၏ ကိုဗစ်-၁၉ အစုလိုက်  ကူးစက်ဖြစ်ပွားမှုကြောင့်   ဖြစ်ကြောင်း သိရသည်။ 
ထပ်မံဖြစ်ပွားသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ များအနက် ၆၅၉ ဦးမှာ ဆိုးလ်ဒေသခံများဖြစ်ကာ ၅၂၄ ဦးမှာ ချုံဂီပြည်နယ်မှဖြစ်ပြီး ၁၁၀ မှာ အင်ချွန်မှ ဖြစ်သည်။ 
မြို့တော်မဟုတ်သည် နေရာဒေသများတွင်လည်း ကိုဗစ်-၁၉   ဆက်လက်  ကူးစက်ပြန့်ပွားလျက်ရှိပြီး  စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားသူ ၄၀၅  ဦး သို့မဟုတ် ၂၃ ဒသမ ၉ ရာခိုင်နှုန်းရှိသည်။  ပြည်ပ ကူးစက်ဖြစ်ပွားသူ ၁၇ ဦးနှင့်အတူ စုစုပေါင်း ပြည်ပ ကူးစက်ဖြစ်ပွားသူအရေအတွက် ၁၅၂၈၇ ဦးအထိ ရှိလာပြီဖြစ်သည်။ 
ကိုဗစ်-၁၉ ကူးစက်ခံထားရပြီး စိုးရိမ်ရသော အခြေအနေခံစားနေရသူ   ၁၆  ဦးမှ  ၄၂၅  ဦးအထိ တိုးလာသည်။  
ကိုဗစ်-၁၉ ကြောင့် ၁၈ ဦး ထပ်မံသေဆုံးခဲ့သော ကြောင့် စုစုပေါင်းသေဆုံးသူ ၂၉၉၈ ဦးအထိရှိလာခဲ့ပြီး သေဆုံးနှုန်းမှာ ၀ ဒသမ ၇၈ ရာခိုင်နှုန်းရှိသည်။ 
ဖေဖော်ဝါရီ  ၂၆  ရက်တွင် အစုလိုက်ကာကွယ် ဆေးထိုးမှုများ   စတင်ပြုလုပ်ခဲ့ရာ    ယခုအချိန်တွင် လူပေါင်း ၄၁၆၃၈၃၆၆ ဦး  စုစုပေါင်း နိုင်ငံ့လူဦးရေ၏ ၈၁ ဒသမ ၁ ရာခိုင်နှုန်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးခဲ့ပြီးဖြစ်သည်။ 
ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူပေါင်း ၃၉၄၉၆၈၀၉  ဦး   သို့မဟုတ်  ၇၆ ဒသမ ၉ ရာခိုင်နှုန်းရှိပြီဖြစ်သည်။                         ဆင်ဟွာ