
ဆိုးလ် စက်တင်ဘာ ၁၁
တောင်ကိုရီးယားနိုင်ငံတွင် စက်တင်ဘာ ၁၀ ရက် က ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၈၆၅ ဦး တွေ့ရှိခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူအရေအတွက်မှာ ၂၇၁၂၂၇ ဦးရှိသည်။
နေ့စဉ်ကူးစက်မှုနှုန်း ၁၀၀၀ အထက်တွင် ရှိနေ သည်မှာ ရက်ပေါင်း ၆၇ ရက်ရှိပြီဖြစ်သည်။ နောက်ထပ် တွေ့ရှိရသည့် ကူးစက်မှုများမှာ ဆိုးလ်မြို့ဧရိယာ တစ်ဝိုက်မှဖြစ်ပြီး နောက်ထပ်ကူးစက်ခံရသူများ အနက် လူပေါင်း ၆၅၆ ဦးမှာ ဆိုးလ်မြို့ဒေသခံများ ဖြစ်ကြသည်။
ဂယောင်းဂီပြည်နယ်တွင် နောက်ထပ်ကူးစက်ခံရ သူ ၅၆၀ နှင့် အင်ချွန်း မြို့တွင် ၁၃၁ ဦး ထပ်မံတွေ့ရှိခဲ့ရ သည်။ နိုင်ငံရပ်ခြားမှ ကူးစက်ခံလာရသူ ၄၉ ဦးရှိ သည်။ ကိုဗစ်-၁၉ နှင့် ဆက်စပ်ပြီးနောက်ထပ် သေဆုံးသူ ၁၀ ဦးရှိခဲ့ပြီး သေဆုံးသူစုစုပေါင်းမှာ ၂၃၅၈ ဦးရှိသည်။ သေဆုံးမှုနှုန်းမှာ ၀ ဒသမ ၈၇ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။ ဆင်ဟွာ