
ဆိုးလ် နိုဝင်ဘာ ၁၆
တောင်ကိုရီးယားနိုင်ငံတွင် နိုဝင်ဘာ ၁၅ ရက် ညသန်းခေါင်အထိ ကိုဗစ်-၁၉ ထပ်မံကူးစက်သူ ၂၁၂၅ ဦး တိုးလာပြီးနောက် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၃၉၉၅၉၁ ဦးအထိ ရှိလာကြောင်း သိရ သည်။
နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် ယခင်ရက်ကထက် ၂၀၀၆ ဦး တိုးလာခဲ့ပြီး ခုနစ်ရက်ဆက်တိုက် ၂၀၀၀ ကျော်အထိ မြင့်တက် လာခဲ့သည်။ မကြာသေးမီက မြင့်တက်လာသော ကိုဗစ်-၁၉ ကူးစက် မှုများသည် ဆိုးလ်ဒေသ၏ ကိုဗစ်-၁၉ အစုလိုက် ကူးစက်ဖြစ်ပွားမှု ကြောင့်ဖြစ်ကြောင်း သိရသည်။ ထပ်မံဖြစ်ပွားသော ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူများအနက် ၈၃၉ ဦးမှာ ဆိုးလ်ဒေသခံများဖြစ်ကာ ၆၅၃ ဦးမှာ ချုံဂီပြည်နယ်မှဖြစ်ပြီး ၁၃၁ ဦးမှာ အင်ချွန်မှဖြစ်သည်။
မြို့တော်မဟုတ်သည် နေရာဒေသများတွင်လည်း ကိုဗစ်-၁၉ ဆက်လက်ကူးစက်ပြန့်ပွားလျက်ရှိပြီး စုစုပေါင်း ကိုဗစ်-၁၉ ကူးစက် ပြန့်ပွားသူ ၄၈၇ ဦး သို့မဟုတ် ၂၃ ဒသမ ၁ ရာခိုင်နှုန်းရှိသည်။ ပြည်ပ ကူးစက်သူ ၁၅ ဦးနှင့်အတူ စုစုပေါင်း ပြည်ပကူးစက်သူ အရေအတွက် ၁၅၄၀၅ ဦးအထိ ရှိလာပြီဖြစ်သည်။
ကိုဗစ်-၁၉ ကူးစက်ခံထားရပြီး စိုးရိမ်ရသောအခြေအနေ ခံစား နေရသူ ၄၉၅ ဦးရှိပြီး ယခင်ရက်ကထက် ၂၄ ဦး လျော့နည်းခဲ့သည်။ ကိုဗစ်-၁၉ ကြောင့် ၂၂ ဦး ထပ်မံသေဆုံးခဲ့သောကြောင့် စုစုပေါင်း သေဆုံးသူ ၃၁၃၇ ဦးအထိ ရှိလာခဲ့ပြီး သေဆုံးနှုန်းမှာ ၀ ဒသမ ၇၉ ရာခိုင်နှုန်းရှိသည်။
ဖေဖော်ဝါရီ ၂၆ ရက်တွင် အစုလိုက်ကာကွယ်ဆေးထိုးမှုများ စတင်ပြုလုပ်ခဲ့သည့်အချိန်မှစကာ ယခုအချိန်အထိ လူပေါင်း ၄၂၀၂၆၇၁၀ စုစုပေါင်း နိုင်ငံ့လူဦးရေ၏ ၈၁ ဒသမ ၈ ရာခိုင်နှုန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခဲ့ပြီးဖြစ်သည်။ ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးသူပေါင်း ၄၀၁၉၃၀၂၄ ဦး သို့မဟုတ် ၇၈ ဒသမ ၃ ရာခိုင်နှုန်းရှိပြီဖြစ်သည်။ ဆင်ဟွာ