
ဆိုးလ် ဒီဇင်ဘာ ၂၉
တောင်ကိုရီးယားနိုင်ငံတွင် ဒီဇင် ဘာ ၂၈ ရက် ညသန်းခေါင်အထိ ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွား သူ လွန်ခဲ့သော ၂၄ နာရီနှင့် နှိုင်းယှဉ်ပါက ၅၄၀၉ ဦး တိုးလာ ပြီးနောက် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၆၂၀၉၃၈ ဦး အထိ ရှိလာခဲ့သည်။
နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ် ပွားမှုသည် ယမန်နေ့က အမြင့်ဆုံး ကူးစက်ဖြစ်ပွားသူ အရေအတွက် ၃၈၆၅ ဦးထက် မြင့်တက်ခဲ့ပြီး ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၅၀၀၀ အထက် ရောက်ရှိခဲ့သည်မှာ သုံး ရက်ဆက်တိုက်ရှိပြီဖြစ်သည်။
မကြာသေးမီက မြင့်တက်လာ သော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား မှုများသည် ဆိုးလ်မြို့ဝန်းကျင် ဒေသ၏ ကိုဗစ်-၁၉ အစုလိုက် ကူးစက်ဖြစ်ပွားမှုကြောင့် ဖြစ် ကြောင်း သိရသည်။
ထပ်မံဖြစ်ပွားသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူများအနက် ၁၈၆၉ ဦးမှာ ဆိုးလ်ဒေသခံများ ဖြစ်ကာ ၁၆၀၈ ဦးမှာ ချုံဂီပြည်နယ် မှဖြစ်ပြီး ၃၀၉ ဦးမှာ အင်ချွန်မှ ဖြစ်သည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု များသည် မြို့တော်မဟုတ်သော ဒေသတွင်လည်း ကူးစက်ပျံ့နှံ့ လျက်ရှိပြီး မြို့တော်မဟုတ်သော ဒေသများတွင် ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၁၄၉၇ ဦး သို့မဟုတ် ၂၈ ဒသမ ၃ ရာခိုင်နှုန်း ရှိလာခဲ့သည်။
အိုမီခရွန် ဗိုင်းရပ်စ်သစ် ကူးစက်ခံရသူ ၅၅၈ ဦးအထိ ရှိလာ ခဲ့ပြီး ပြည်ပမှ ကူးစက်ဖြစ်ပွားသူ ၂၅၂ ဦးနှင့် ပြည်တွင်းကူးစက် ဖြစ်ပွားသူ ၃၀၆ ဦးဖြစ်ကြောင်း သိရသည်။ ယမန်နေ့ကထက် ၁၀၉ ဦး တိုးလာခဲ့သည်။
ကိုဗစ်-၁၉ ကူးစက်ခံထားရ ပြီး စိုးရိမ်ရသောအခြေအနေ ခံစားနေရသူ ၁၁၅၁ ဦးအထိ တိုးလာခဲ့ပြီး ယမန်နေ့ကထက် ၄၉ ဦး တိုးလာခဲ့သည်။
ကိုဗစ်-၁၉ ကြောင့် ၃၆ ဦး ထပ်မံ သေဆုံးခဲ့သောကြောင့် စုစုပေါင်း သေဆုံးသူ ၅၃၈၂ ဦး အထိရှိလာခဲ့ပြီး သေဆုံးနှုန်းမှာ ၀ ဒသမ ၈၇ ရာခိုင်နှုန်းရှိသည်။
ဖေဖော်ဝါရီ ၂၆ ရက်တွင် အစုလိုက် ကာကွယ်ဆေးထိုးမှု များ စတင်ပြုလုပ်ခဲ့ချိန်မှစကာ ယခုအချိန်အထိ လူပေါင်း ၄၄၁၁၅၁၈၅ ဦး စုစုပေါင်း နိုင်ငံ့ လူဦးရေ၏ ၈၂ ဒသမ ၆ ရာခိုင်နှုန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး ခဲ့ပြီးဖြစ်သည်။
ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးသူပေါင်း ၄၂၄၃၂၉၉၀ သို့မဟုတ် ၈၂ ဒသမ ၆ ရာခိုင်နှုန်းရှိပြီဖြစ်ပြီး အပို ဆောင်း ကာကွယ်ဆေးထိုးပြီးသူ ၁၆၅၈၂၇၅၈ သို့မဟုတ် ၃၂ ဒသမ ၃ ရာခိုင်နှုန်းရှိသည်။
ဆင်ဟွာ