
ဆိုးလ် ဒီဇင်ဘာ ၃၁
တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်- ၁၉ ကြောင့် ဆေးရုံတက်ရမှုနှုန်းကို လျှော့ချရန်နှင့် အိုမီခရွန် ကိုဗစ်-၁၉ ကူးစက်မှုကို ထိန်းချုပ်နိုင်ရေး အတွက် တင်းကျပ်သည့် လူမှု ဝေးကွာအစီအစဉ်များကို နောက် ထပ်နှစ်ပတ်ကြာ တိုးမြှင့်သွားရန် ဒီဇင်ဘာ ၃၁ ရက်တွင် ဆုံးဖြတ် ခဲ့သည်။
ကူးစက်မှုများ
တစ်ရှိန်ထိုးမြင့်တက်
တောင်ကိုရီးယားအစိုးရသည် ဗိုင်းရပ် တိုက်ဖျက်ရေး တင်းကျပ် သည့် စည်းကမ်းချက်များကို ဒီဇင်ဘာ ၁၈ ရက်တွင် စတင် ချမှတ်ခဲ့သည်။ နိုဝင်ဘာလအတွင်း ကိုဗစ် -၁ ၉ အသွားအလာ ကန့်သတ် စောင့်ကြည့်မှုများကို ဖြေလျှော့ပေးပြီးနောက် ကူးစက် မှုများ တစ်ရှိန်ထိုး မြင့်တက်လာပြီး နောက် ယခုလိုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတစ်ဝန်း ချမှတ်ထား သည့်တင်းကျပ်သည့် လူမှုဝေးကွာ အစီအစဉ်များအရ လူစုလူဝေး ပြုလုပ်နိုင်သည့် အများဆုံး ပမာဏမှာ ဇန်နဝါရီ ၁၆ ရက်အထိ လူလေးဦးသာ စုဝေးခွင့်ပြုမည် ဖြစ်သည်။ စားသောက်ဆိုင်များနှင့် ကော်ဖီဆိုင်များကိုလည်း ည ကိုးနာရီအချိန်အထိသာ ဖွင့်ခွင့် ပေးထားသည်။
ပါဆယ်စနစ်ဖြင့်သာ ဝယ်ယူခွင့်ရှိ
ကာကွယ်ဆေး အပြည့်ထိုး မထားသူများကိုလည်း စား သောက်ဆိုင်များ အတွင်းသို့ ဝင်ခွင့်ပေးမည် မဟုတ်ပေ။ ပါဆယ်စနစ်ဖြင့်သာ ဝယ်ယူခွင့် ရှိမည်ဖြစ်သည်။ ညဘက်စီးပွားရေးလုပ်ငန်းများဖြစ်သည့် နိုက် ကလပ်များနှင့် ဘားများကိုလည်း ည ကိုးနာရီအထိသာ ဖွင့်ခွင့် ပေးထားသည်။
သို့သော်လည်း ရုပ်ရှင်ရုံများ၊ အင်တာနက်ကဖေးများနှင့် ပွဲ ကျင်းပရာ ဟောခန်းများကိုမူ ည ၁၀ နာရီမတိုင်မီအထိ ဖွင့်ခွင့် ပေးထားသည်။ နောက်ဆုံး ရရှိ ထားသည့် အချက်အလက်များ အရ တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ် -၁၉ နေ့စဉ်ကူးစက်ခံရသူ ၄၈၇၅ ဦးရှိသည်။ ယခုအချိန် အထိ အိုမီခရွန်ကူးစက်ခံထားရသူ ၈၉၄ ဦးရှိပြီး ပြည်ပမှ ကူးစက် လာသူ ၄၇၉ ဦးရှိသည်။
ဆင်ဟွာ