တောင်ကိုရီးယားနိုင်ငံ၌  ကိုဗစ်-၁၉ နောက်ထပ်ကူးစက်ခံရသူ  ၁၀၅၀ ထပ်မံတွေ့ရှိ

 

 

 ဆိုးလ် အောက်တိုဘာ ၁၈


တောင်ကိုရီးယားနိုင်ငံတွင်  အောက်တိုဘာ ၁၇ ရက်ညပိုင်းက ကိုဗစ်-၁၉ နောက်ထပ်ကူးစက်ခံရသူ ၁၀၅၀ ထပ်မံတွေ့ရှိခဲ့သည်။ 
ထို့ကြောင့် စုစုပေါင်း ကိုဗစ် -၁၉ ကူးစက်ခံရသူ အရေအတွက်မှာ ၃၄၃၄၄၅ ဦးအထိ    ရှိလာခဲ့သည်။    သီတင်းပတ်အကုန်တွင် ဆေးစစ်ပေးနိုင်မှုနည်းသည့်အတွက်    နေ့စဉ်ကူးစက်မှုမှာ ၁၄၂၀ အောက်သို့ ကျဆင်းခဲ့သည်။   သို့သော်လည်း  ဇူလိုင် ၇ ရက်မှ စတင်ကာ  နေ့စဉ်ကူးစက်မှု   ၁၀၀၀   အထက်တွင်   ရှိနေသည်မှာ  ရက်ပေါင်း ၁၀၄ ရက်ရှိပြီဖြစ်သည်။ 
ဆိုးလ်မြို့ဧရိယာတစ်ဝိုက် အစုလိုက်ကူးစက်မှုများမှ  ကူးစက် မှုများ ပြန်လည်များပြားလာခဲ့သည်။ နောက်ထပ်ကူးစက်ခံရသူများ ထဲတွင် ဆိုးလ်မြို့ဒေသခံ ၃၅၂ ဦးရှိပြီး  ဂယောင်းဂီပြည်နယ်မှ ၃၅၈ ဦးနှင့် အင်ချွန်းမြို့မှ ၈၄ ဦးတို့ဖြစ်သည်။ 
ပြည်ပမှကူးစက်လာသူ ၂၀ တွေ့ရှိရသည်။ တောင်ကိုရီးယား နိုင်ငံတွင် ပြန်လည်ကျန်းမာလာသူနှုန်းမှာ ၉၀ ဒသမ ၇၈ ရာခိုင်နှုန်း ရှိသည်။
ဆင်ဟွာ