တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၄၉၇ ဦး ထပ်မံတွေ့ရှိ

ဆိုးလ်    စက်တင်ဘာ    ၁၄


တောင်ကိုရီးယားနိုင်ငံ၌ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ   ၁၄၉၇   ဦးကို  ထပ်မံတွေ့ရှိ ရသဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ သူပေါင်း ၂၇၅၉၁၀ ရှိလာကြောင်း သိရသည်။ 


နိုင်ငံအတွင်း နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသူအရေအတွက်မှာ  ၁၀၀၀  မှ ၁၄၃၃   ဦးအထိ  အနည်းငယ်မြင့်တက်ခဲ့ကြောင်း သိရသည်။ 
မကြာသေးမီက နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုပြန်လည်မြင့်တက်ခဲ့ခြင်းမှာ  ဆိုးလ်မြို့ပြ ဒေသအတွင်း  လူအစုလိုက်အပြုံလိုက်   ကိုဗစ်-၁၉ ရောဂါကူးစက်မှုများတွေ့ရှိခြင်းကြောင့် ဖြစ်သည်။


ယခု ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူများ အနက် ၅၂၉ ဦးမှာ  ဆိုးလ်ဒေသခံများဖြစ်ပြီး  အနီး ပတ်ဝန်းကျင်ရှိ ဂွန်ဂျီပြည်နယ်၌ ရောဂါကူးစက်ခံရသူ  ၄၅၄ ဦးနှင့် နိုင်ငံအနောက်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သော  အင်ချွန်မြို့တို့၌ ရောဂါကူးစက်ခံရသူ ၁၂၄ ဦးတို့အား  အသီးသီးတွေ့ရှိသည်။ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ခုနစ်ဦး ထပ်မံသေဆုံးသဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူပေါင်း ၂၃၆၇ ဦးရှိလာပြီး ရောဂါမှပြန်လည်ကျန်းမာလာသူ    ၂၄၇၆၄၇    ဦး ရှိသည်။ နိုင်ငံအတွင်း၌ ဖေဖော်ဝါရီ ၂၆ရက်မှ စတင် ခဲ့သောကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးလုပ်ငန်း၌ ၃၃၉၇၉၅၁၉ ဦးအား ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး  နိုင်ငံအတွင်း      ကိုဗစ်-၁၉    ရောဂါ    ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးစီးသူအရေအတွက်မှာ ၂၀၄၈၅၅၂၁ ဦးရှိကြောင်း သိရသည်။        

  ကိုးကား- ဆင်ဟွာ
ဘာသာပြန်- စိုးသူရ