
ဆိုးလ် အောက်တိုဘာ ၂၅
တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးမှုအပေါ် မူတည်ကာ နိုဝင်ဘာလတွင် ကိုဗစ်-၁၉ ကပ်ရောဂါကာလမှ ပုံမှန်နေထိုင်မှုကို ပြန်လည်စတင် နိုင်မည်ဟု တောင်ကိုရီးယား သမ္မတမွန်ဂျေအင်းက ပြောသည်။
ပါလီမန်တွင် မိန့်ခွန်းပြော ကြားစဉ်အတွင်း ယခုလို ပြော ကြားခဲ့ခြင်းဖြစ်သည်။ ကာကွယ် ဆေးထိုးပေးနိုင်မှုနှင့် ကူးစက်မှု များ တည်ငြိမ်လာမှုတို့အပေါ် အခြေခံပြီး နိုဝင်ဘာလမှစတင် ကာ ပုံမှန်နေထိုင်မှုဘဝရရှိရေး အတွက် တဖြည်းဖြည်းချင်း လျှောက်လှမ်းသွားမည်ဟု ပြော သည်။
ကုန်သည်ငယ်များနှင့် တစ်ပိုင် တစ်နိုင်လုပ်ငန်း လုပ်ကိုင်ကြ သူများ အသွားအလာကန့်သတ် မှု စည်းကမ်းသတ်မှတ်ချက် များကြောင့် ထိခိုက်ရသည်။
ကိုဗစ် -၁၉ တိုက်ဖျက်ရေး အခြေခံအချက်များ ဖြစ်သည့် ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ခြင်း များကိုမူ ဆက်လက်ထိန်းသိမ်း သွားမည်ဖြစ်သည်။
ဆင်ဟွာ