
ဆိုးလ် စက်တင်ဘာ၂၇
တောင်ကိုရီးယားနိုင်ငံတွင် ကိုယ် ဝန်ဆောင် အမျိုးသမီးများနှင့် အသက် ၁၂ နှစ်မှ ၁၇ နှစ်ကြား ကလေးများကို လာမည့်လအတွင်း ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးပေး သွားမည်ဟု ကျန်းမာရေးအာဏာ ပိုင်များက စက်တင်ဘာ ၂၇ ရက် တွင် ပြောသည်။
ကိုဗစ်- ၁၉ ကူးစက်မှုများ ပြန်လည် ခေါင်းထောင်လာသည့် အတွက် ကာကွယ်ဆေးထိုးပေး သည့် အရေအတွက်ကို တိုးမြှင့် ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ ၁၈ ရက်တွင် အသက် ၁၂ နှစ်မှ ၁၇ နှစ်ကြား နိုင်ငံသား ၂ ဒသမ ၇၇ သန်းကို ပထမအကြိမ် ကိုဗစ် -၁၉ ကာကွယ်ဆေး ထိုးပေးမည်ဖြစ် သည်ဟု ကိုရီးယားရောဂါ ထိန်း ချုပ်ရေးနှင့် ကာကွယ်ရေး အေဂျင် စီက ပြောသည်။
ဇူလိုင်လ အစောပိုင်းတွင် ကိုဗစ် - ၁၉ ကူးစက်မှုများ ပြန်လည် များပြားလာပြီးနောက် ဆယ်ကျော်သက်များအား ကာကွယ် ဆေးထိုးပေးမည့် အစီအစဉ်ကို ကြေညာခဲ့သည်။ ဩဂုတ်လ အတွင်း အသက် ၁၂ နှစ်နှင့် ၁၇ နှစ်ကြား ရောဂါကူးစက်ခံရသူ ၃၀၅၀ ရှိသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးပေါင်း ၁၃၆၀၀၀ ကို လည်း ကိုဗစ် -၁၉ ကာကွယ်ဆေး ပေးရန် ထောက်ခံချက်ပေး မည်ဖြစ်သည်။
အောက်တိုဘာ ၁၈ ရက်မှ စတင်ကာ ကိုယ်ဝန်ဆောင်အမျိုးသမီးများကိုလည်း ကာကွယ်ဆေး ထိုးပေးမည်ဖြစ်သည်။ ကိုယ်ဝန် ဆောင်အမျိုးသမီးများ ကိုဗစ် -၁၉ ကူးစက်ခံရသည့်အခါ အခြား အမျိုးသမီးများနှင့် ယှဉ်လျှင် ရောဂါလက္ခဏာ ပို၍ပြင်းထန် သည်။
ကျန်းမာရေး အာဏာပိုင်များ က အသက် ၆၀ နှင့်အထက်များ၊ ရောဂါအခံရှိသူများကို အောက်တို ဘာ ၂၅ ရက်မှစတင်ကာ တတိယ အကြိမ် ကာကွယ်ဆေးထိုးပေး သွားမည်ဟု သိရသည်။
ဆင်ဟွာ