တောင်ကိုရီးယားနိုင်ငံတွင် နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ စံချိန်တင်မြင့်မားလျက်ရှိ

 

ဆိုးလ်   နိုဝင်ဘာ  ၁၈ 


ယခုလအစောပိုင်းတွင် ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့် နေထိုင်မှု ကို      စတင်လိုက်ပြီးနောက် တောင်ကိုရီးယားနိုင်ငံ၏  နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် စံချိန်တင်မြင့်မားလျက်ရှိကြောင်း ကျန်းမာရေး အာဏာပိုင်များက နိုဝင်ဘာ ၁၈ ရက်တွင် ပြောသည်။ 

 


ကိုရီးယား    ရောဂါထိန်းချုပ် ရေးနှင့်    ကာကွယ်ရေးအေဂျင်စီ (ကေဒီစီအေ)အရ     လွန်ခဲ့သော ၂၄  နာရီနှင့်  နှိုင်းယှဉ်ကြည့်ပါက တောင်ကိုရီးယားနိုင်ငံတွင် နိုဝင် ဘာ ၁၇ ရက် ညသန်းခေါင်အချိန် အထိ   နောက်ထပ်  ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ    လူနာသစ် ၃၂၉၂ ဦး ရှိလာမှုနှင့်အတူ   နိုင်ငံ အတွင်း  စုစုပေါင်း   ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားသူပေါင်း ၄၀၆၀၆၅  ဦးအထိ ရောက်ရှိလာခဲ့သည်။ 

 


လွန်ခဲ့သောနှစ် ဇန်နဝါရီ ၂၀ ရက်က   ကိုဗစ်-၁၉  ပထမဆုံး အတည်ပြုလူနာ   စတင်တွေ့ရှိခဲ့ သည်မှစကာ      နေ့စဉ်    ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများအနက် ယနေ့သည် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှု   အများဆုံးနေ့တစ်နေ့ အဖြစ်   မှတ်တမ်းတင်ဖော်ပြခဲ့ သည်။ နေ့စဉ် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုသည် နှစ်ရက်ဆက်တိုက် ၃၀၀၀ ကျော် ရှိခဲ့သည်။ 

 


ကိုဗစ်-၁၉ စည်းမျဉ်းများနှင့် နေထိုင်ရမည်ဟု         အစိုးရက စည်းမျဉ်းစည်းကမ်းများ ချမှတ် လိုက်ပြီးနောက် ယခုလို ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ မြင့်လာ ခြင်းဖြစ်သည်။ 

 


မကြာသေးမီက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ မြင့်လာခြင်း သည်  မြို့တော်ဆိုးလ်ဒေသတွင် ကိုဗစ်-၁၉   အစုလိုက်  ကူးစက် ဖြစ်ပွားမှုများကြောင့်ဖြစ်သည်။ 

 


ထပ်မံကူးစက်ဖြစ်ပွားသော ကိုဗစ်-၁၉   လူနာများအနက် ၁၄၂၃   ဦးမှာ  ဆိုးလ်ဒေသခံများ ဖြစ်ကာ ချုံဂီပြည်နယ်မှ ၉၆၅ ဦး နှင့် အင်ချွန်ပြည်နယ်မှ ၁၉၅ ဦး တို့ဖြစ်ကြသည်။ 


ဆင်ဟွာ