တောင်ကိုရီးယားသမ္မတနှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့ အိတ်ဖွင့်ပေးစာ အပြန်အလှန်ပေးပို့

Image not available
ဆိုးလ်   မတ်    ၅
 
တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနှင့် မြောက်ကိုရီးယား    ခေါင်းဆောင် ကင်ဂျုံအန်တို့သည် အိတ်ဖွင့်ပေးစာ အပြန်အလှန်   ပေးပို့ခဲ့ကြကြောင်း တောင်ကိုရီးယားသမ္မတအိမ်တော်က ယနေ့ ပြောကြားသည်။
 
မြောက်ကိုရီးယား  ခေါင်းဆောင် ကင်ဂျုံအန်သည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု တိုက်ဖျက်ရေးနယ်ပယ်၌ တောင်ကိုရီးယား ပြည်သူများအား နှစ်သိမ့်ရန် အိတ်ဖွင့်ပေးစာတစ်စောင် ကို မတ် ၄ ရက်က တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းထံသို့ ပေးပို့ခဲ့ ကြောင်း တောင်ကိုရီးယားသမ္မတရုံးမှ သတင်းပြန်ကြားရေး    တာဝန်ရှိသူ ယွန်းဒိုဟန်က သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားသည်။
 
အဆိုပါ အိတ်ဖွင့်ပေးစာထဲတွင် မြောက်ကိုရီးယား    ခေါင်းဆောင် ကင်ဂျုံအန်က ကိုရိုနာဗိုင်းရပ်စ်ကူး စက်ပျံ့နှံ့မှု  တိုက်ဖျက်ရေးနယ်ပယ် တွင် တောင်ကိုရီးယားအစိုးရအနေဖြင့် အရှုံးမရှိဘဲ   အောင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ တောင်ကိုရီးယား နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တစ်ပြည်သား၊ တစ်နယ်သားများ၏ ကျန်းမာရေးအတွက် ဆုမွန်ကောင်း တောင်းပေးထားကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားသည်။
 
တစ်ဆက်တည်းမှာပင်  တောင် ကိုရီးယားသမ္မတ    မွန်ဂျေအင်းက     မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံ အန်အပေါ် ကျေးဇူးတင်ရှိသည့် အိတ်ဖွင့် ပေးစာတစ်စောင်ကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ထံသို့  ယနေ့   ပြန်လည်ပေးပို့ခဲ့ကြောင်း သိရသည်။
 
 ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ