တောင်ကိုရီးယားတွင် အိုမီခရွန် ဗိုင်းရပ်စ်သစ်ကူးစက်ဖြစ်ပွားသူ ခြောက်ဦးအထိရှိလာ

 

ဆိုးလ်   ဒီဇင်ဘာ   ၃   


တောင်ကိုရီးယားနိုင်ငံတွင် ဒီဇင်ဘာ ၂ ရက် ညသန်း ခေါင်အထိ  ကိုဗစ်-၁၉  ထပ်မံကူးစက်ဖြစ်ပွားသူ လွန်ခဲ့သော ၂၄ နာရီနှင့်နှိုင်းယှဉ်ပါက  ၄၉၄၄ ဦး တိုးလာပြီးနောက် စုစုပေါင်းကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ ၄၆၂၅၅၅  ဦးအထိ ရှိလာခဲ့ကြောင်း  သိရ သည်။ 

 


နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် ယမန်နေ့ အမြင့်ဆုံး ကူးစက်ဖြစ်ပွားသူအရေအတွက် ၅၂၆၆ ဦးထက် လျော့နည်းခဲ့သော်လည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၅၀၀၀ အထက် ရောက်ရှိနေသေး သည်။ 
မကြာသေးမီက မြင့်တက်လာသော ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားမှုများသည် ဆိုးလ်ဒေသ၏ ကိုဗစ်-၁၉ အစုလိုက်ကူးစက်ဖြစ်ပွားမှုကြောင့် ဖြစ်ကြောင်း သိရသည်။ 

 


ထပ်မံဖြစ်ပွားသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား သူများအနက် ၂၀၉၄ ဦးမှာ ဆိုးလ်ဒေသခံများဖြစ်ကာ ၁၄၆၄ ဦးမှာ   ချုံဂီပြည်နယ်မှဖြစ်ပြီး   ၃၀၆ ဦးမှာ အင်ချွန်မှဖြစ်သည်။ 
ပြည်ပကူးစက်ဖြစ်ပွားသူ     ၂၁   ဦးနှင့်အတူ စုစုပေါင်း  ပြည်ပကူးစက်ဖြစ်ပွားသူအရေအတွက် ၁၅၈၁၇ ဦးအထိ  ရှိလာပြီဖြစ်သည်။ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများသည် မြို့တော်မဟုတ်သော  ဒေသတွင်လည်း ကူးစက်ပျံ့နှံ့လျက်ရှိပြီး ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၁၀၅၉ ဦး ရှိလာခဲ့သည်။ 

 


အိုမီခရွန်ဗိုင်းရပ်စ်သစ်ကူးစက်ခံရသူ ခြောက်ဦး အထိရှိလာခဲ့ပြီး နိုင်ငံခြားကူးစက်ဖြစ်ပွားသူ လေးဦး နှင့် ပြည်တွင်းကူးစက်ဖြစ်ပွားသူ နှစ်ဦးဖြစ်ကြောင်း သိရသည်။ 
ကိုဗစ်-၁၉ ကူးစက်ခံထားရပြီး စိုးရိမ်ရသော အခြေအနေခံစားနေရသူ ၇၃၆ ဦးအထိ တိုးလာခဲ့၍ ယမန်နေ့ကထက် သုံးဦးတိုးလာခဲ့သည်။   
ကိုဗစ်-၁၉ ကြောင့် ၃၄ ဦး ထပ်မံသေဆုံးခဲ့သော ကြောင့် စုစုပေါင်းသေဆုံးသူ ၃၇၃၉ ဦးအထိရှိလာ ခဲ့ပြီး သေဆုံးနှုန်းမှာ ၀ ဒသမ ၈၁ ရာခိုင်နှုန်းရှိသည်။ 

 


ဖေဖော်ဝါရီ ၂၆ ရက်တွင် အစုလိုက်ကာကွယ် ဆေးထိုးမှုများ စတင်ပြုလုပ်ခဲ့ချိန်မှစကာ ယခုအချိန် အထိ   လူပေါင်း  ၄၂၆၁၈၂၉၆ ဦး စုစုပေါင်း နိုင်ငံ့ လူဦးရေ၏   ၈၃ ဒသမ ၀ ရာခိုင်နှုန်း     ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခဲ့ပြီးဖြစ်သည်။ 
ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူပေါင်း  ၄၁၁၉၂၃၄၈ ဦး သို့မဟုတ် ၈၀ ဒသမ ၂ ရာခိုင်နှုန်းရှိပြီဖြစ်ပြီး အပိုဆောင်းကာကွယ်ဆေး ထိုးပြီးသူ      ၃၅၇၀၄၁၄   သို့မဟုတ်   ၇ ဒသမ ၀ ရာခိုင်နှုန်းရှိသည်။                                

ဆင်ဟွာ