တောင်သမန်အင်းအတွင်း လာမည့်လများ၌ အင်းရေတိုးလာတော့မည်ဖြစ်၍ ငှက်လှေစီးသူ ယခုထက် ပိုမိုများပြားလာမည်

မန္တလေး   ဇွန်   ၁၉
မန္တလေးတိုင်း        ဒေသကြီး အမရပူရမြို့နယ်ရှိ တောင်သမန် အင်းအတွင်း လာမည့်လများတွင် အင်းရေ  တိုးလာတော့မည်ဖြစ်၍  ယခုလက်ရှိပုံမှန်ထက် ပြည်တွင်း ပြည်ပ    ငှက်လှေစီးသူဦးရေ   ပိုမို များပြားလာမည်     ဖြစ်ကြောင်း၊ တောင်သမန်      ငှက်လှေအသင်း ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောသည်။
လက်ရှိတွင် ရုံးပိတ်ရက်များ နှင့်  ဥပုသ်ရက်  အခါကြီးနေ့ရက် များ၌      ပုံမှန်ကြားရက်များထက် ငှက်လှေစီးသူ     များပြားသဖြင့် ထိုရက်များတွင်    ငှက်‌လှေသမား များ        ဝင်ငွေကောင်းသည်ဟု ဆိုသည်။
“တောင်သမန် ဦးပိန်တံတား ကိုလာတဲ့     ပြည်တွင်းဧည့်သည် တွေက ငှက်လှေစီးသူနည်းတယ်။  စားသောက် အနားယူပြီး ပြန်ကြ တာများတယ်။   ပြည်ပခရီးသွားအတော်များများကတော့    ဦးပိန် တံတားရောက်တာနဲ့     ငှက်လှေ စီးလေ့ရှိကြတယ်။ ခုတလောမှာ  အင်းရေနည်းတော့    ပြည်ပခရီး သွားတွေကို    ခရီးသွားအေဂျင်စီ  တွေက မပို့ကြသေးဘူး။လာမယ့်  လမှာ အင်းရေ တိုးလာတော့မယ် ဆိုတော့ ငှက်လှေစီးသူများလာ နိုင်တယ်” ဟု ၎င်းက ပြောသည်။
တောင်သမန်   အင်းရေသည် ဧရာဝတီမြစ်နှင့် ဆက်စပ်နေခြင်း ကြောင့်    ယခုရက်ပိုင်း      မြစ်ရေ ကျဆင်းသဖြင့် အင်းရေမှာလည်း ပြီးခဲ့သည့် သီတင်းတစ်ပတ်ကျော် ကထက်   အင်းရေ  ကျဆင်းသွား ခဲ့ရာ လာမည့်လများတွင် မြစ်ရေ တိုးလာတော့မည်   ဖြစ်ကြောင်း၊ အင်းရေများပြားချိန်တွင် ဦးပိန် တံတားနှင့်    တောင်သမန်အင်း အလှ  ပိုမိုပြည့်စုံသဖြင့်  ထိုအချိန် များ၌   ပြည်ပခရီးသွားများ   လာ ရောက်မှုများသည့်        အချိန်ဖြစ် ကြောင်းသိရသည်။
“ဝါဆို -  ဝါခေါင်    ရေဖောင် ဖောင်ဆိုတဲ့ မြန်မာစကားပုံရှိတော့ လာမယ့်လက     ဝါဆိုလဖြစ်လို့ မြစ်ရေတိုးလာတာနဲ့      အင်းရေ လည်းတိုးလာပြီး      အင်းရေပြင်  လည်း ကျယ်လာမယ်။ ငှက်လှေ စီးရတဲ့  အရသာက  လှိုင်းတအိအိ နဲ့    စီးလို့ကောင်းတယ်”    ဟု ဒေသခံတစ်ဦးက ပြောသည်။ 
တောင်သမန်ငှက်လှေအသင်း တွင်   ငှက်လှေအစင်းပေါင်း   ၄၃ စင်းရှိပြီး ငှက်လှေစီးခမှာ စီးနင်း လိုက်ပါသူ ဦးရေအနည်းအများနှင့်    အင်းအတွင်း     လှည့်ပတ်သည့် နေရာပေါ်    မူတည်၍     ငွေကျပ်  ၁၀၀၀၀     မှ    ၁၂၀၀၀    အထိရှိ ကြောင်း သိရသည်။ 
မောင်အေးချမ်း