တောင်သူများ ပူးပေါင်းပါဝင်သော သက်လျင်အထွက်ကောင်းစပါးမျိုးများ ရွေးချယ်

နေပြည်တော်   ဇူလိုင်   ၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည်          ယနေ့နံနက်ပိုင်းက နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာ ၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသန  ဦးစီးဌာနတို့      ပူးပေါင်းဆောင်ရွက်ထားသည့် တောင်သူများ ပူးပေါင်းပါဝင်သော စပါးသားဆက်လိုင်း များ မွေးမြူရွေးချယ်ခြင်း သုတေသနစမ်းသပ်ကွက် တွင် အထွက်ကောင်း သက်လျင်စပါးမျိုးများ ရွေးချယ် ခြင်းလုပ်ငန်းများ  ဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေး သည်။
ယင်းနောက်    ဒုတိယဝန်ကြီးသည်    ဒေသခံ တောင်သူများနှင့်တွေ့ဆုံ၍          လုပ်ကွက်ငယ် လယ်သမားအနေဖြင့်     အကျိုးအမြတ်များသော တောင်သူလယ်သမား မျိုးစေ့ထုတ်လုပ်ငန်း အစုအဖွဲ့ များဖွဲ့စည်း၍ မျိုးစေ့ထုတ်လုပ်ငန်းများလုပ်ဆောင် ကြရန်လိုကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် တွင် ယခုနှစ် မိုးစပါးရာသီမှစ၍ မြို့နယ်အလိုက် တောင်သူများကိုယ်တိုင်ပါဝင်သည့်     မျိုးစေ့ထုတ် လုပ်ငန်းများ ဆောင်ရွက်ကြရန်နှင့်  စပါးအပြင် ရာသီ အလိုက်စိုက်ပျိုးသည့် သီးနှံများ မျိုးစေ့ထုတ်လုပ်ခြင်း ကိုလည်း ဆောင်ရွက်ကြရန်လိုကြောင်း၊ တစ်ဖက်မှ လည်း တောင်သူများအနေဖြင့်  စပါးရိတ်သိမ်းပြီး ကျန်ရှိနေသည့် ကောက်ရိုးများ၊ ရိုးပြတ်များ မီးမရှို့ဘဲ မှိုစိုက်ခြင်းလုပ်ငန်းတွင်  အသုံးချကြရန်နှင့် မိမိတို့  ဝန်ကြီးဌာနပညာရှင်များက        မှိုစိုက်ပျိုးနည်း သင်တန်းများ၊    မှိုမျိုးထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ တောင်သူ အစုအဖွဲ့များစုဖွဲ့၍   မှိုမှတစ်ဆင့်   ဟင်းခတ်မှုန့် လုပ်နည်း၊ ကောက်ရိုးအခြေခံ မြေဆွေး၊ တီမြေဆွေး၊ နွားစာတောင့် ထုတ်လုပ်ခြင်း၊ ကောက်ရိုး လောင်စာ တောင့်ထုတ်လုပ်ခြင်း၊ ကောက်ရိုးကို  အမှုန့်လုပ်၍ တန်ဖိုးမြှင့်ထုတ်ကုန်များ၊ ဝင်ငွေရလုပ်ငန်းများအဖြစ် ဆောင်ရွက်နိုင်စေရေးအတွက်    နည်းပညာဖွံ့ဖြိုး တိုးတက်အောင်        ပူးပေါင်းလုပ်ဆောင်ပေးရန် လိုကြောင်း၊ အဆိုပါ နည်းပညာများကို တောင်သူများ ၏   သားစဉ်မြေးဆက်အား လယ်ယာစိုက်ပျိုးသည့် နည်းများနှင့်အတူ   လက်ဆင့်ကမ်းသင်ကြားပေးကြ စေလိုကြောင်း။
ယနေ့  စပါးသားဆက်လိုင်းများ မွေးမြူရွေးချယ် ခြင်း သုတေသနစမ်းသပ်ကွက်မှ သက်တမ်းတူ စပါး မျိုးများရွေးချယ်၍ လာမည့်ရာသီတွင် ပြန်လည် စိုက်ပျိုးကြရန်ဖြစ်ကြောင်း၊   ဖွံ့ဖြိုးဆဲ စိုက်ပျိုးရေး နိုင်ငံများတွင်          မျိုးရွေးချယ်ခြင်းလုပ်ငန်းကို လယ်သမားများနှင့်အတူ ရွေးချယ်ဆုံးဖြတ်ခြင်းကို တွင်ကျယ်စွာ    ဆောင်ရွက်နေခြင်းကြောင့်   မိမိတို့ အနေဖြင့်လည်း လယ်ယာလုပ်ငန်းနှင့် သက်ဆိုင် သည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ပိုမိုအကျိုးရှိ ထိရောက်စေရန်   လယ်သမားများ   တင်ပြသည့် အကြံဉာဏ်များ၊ လယ်သမားများ ပူးပေါင်းပါဝင်သည့် ဆွေးနွေးဆုံးဖြတ်ချက်များ ထည့်သွင်းဆောင်ရွက်နိုင် မှသာ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင် မည်ဖြစ်ကြောင်း၊ လယ်ယာကဏ္ဍအသွင်ကူးပြောင်း ဆောင်ရွက်ရာတွင်  အားလုံးပါဝင်၍ လူထုလုပ်ရှားမှု အသွင်ဖြင့် ဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ် ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ 
သတင်းစဉ်