
ရန်ကုန် ဇန်နဝါရီ ၉
မြန်မာ တိုက်စစ်ကစားသမား အောင်ကျော်နိုင်သည် ထိုင်းလိဂ်-၂ ကလပ်ရနောင်းယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့သွားပြီဖြစ်သည်။
ရနောင်းယူနိုက်တက်အသင်းသည် ၂၀၂၁-၂၀၂၂ ရာသီ ဒုတိယအကျော့ အတွက် ကစားသမားသစ်များ ခေါ်ယူ အားဖြည့်ခဲ့ပြီး အောင်ကျော်နိုင် ကို လည်း ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ရနောင်းယူနိုက်တက်အသင်း သည် အောင်ကျော်နိုင်ကို တစ်နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ် သည်။ ယခုရာသီတွင် ထိုင်းကလပ်အသင်းများ၌ မြန်မာ ကစားသမားအများစုပါဝင်ကစားလျက် ရှိပြီး ထိုင်း လိဂ်-၁ ကလပ် ဘူရီရမ် အသင်းတွင် အောင်သူ၊ ထိုင်းလိဂ်-၂ ကလပ်များဖြစ်သည့် လမ်ဖွန်အသင်း တွင် မောင်မောင်လွင်၊ ထရတ်အသင်း တွင် ဇော်မင်းထွန်း၊ Rayong အသင်း တွင် ကျော်ကိုကို၊ အူဒွန်ထာနီအသင်း တွင် အောင်ကောင်းမာန်၊ Navy အသင်းတွင် ဆွမ်လမန်တို့ ပါဝင်ကစား လျက်ရှိသည်။ အောင်ကျော်နိုင်သည် ယခုရာသီအစတွင် ထိုင်းလိဂ်-၃ ကလပ် Pattaya Dolphins အသင်း ၌ ကစားခဲ့သော်လည်း ရာသီဝက် အပြောင်းအရွှေ့ကာလတွင် အသင်း ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
အောင်ကျော်နိုင်သည် ပြည်ပ ကလပ်များတွင် သွားရောက်ကစား ဖူးသည့် အတွေ့အကြုံရှိသူဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် ပြည်ပကလပ် အသင်း များတွင် ပြန်လည်သွားရောက် ကစား ခြင်းဖြစ်သည်။ အောင်ကျော်နိုင်သည် စင်ကာပူနှင့် ထိုင်းကလပ်များတွင် ကစားပြီးနောက် ပြီးခဲ့သည့်နှစ် အနည်း ငယ်က မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိကာ ဧရာဝတီနှင့် ရန်ကုန် ယူနိုက်တက်အသင်းတွင် ကစား ခဲ့သည်။
ရဲရင့်လွင်