တိုကျိုအိုလံပစ် ပြိုင်ပွဲကို ကြည့်ရှုသူအနည်းငယ်ဖြင့် ဖွင့်လှစ်ရန်တစ်ပတ်သာလို

 

တိုကျို   ဇူလိုင်  ၁၆


ဂျပန်နိုင်ငံတွင်   ကိုဗစ်-၁၉ ကပ် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ် နိုင်ရေး     ကြိုးစားရုန်းကန်နေရ သည့်အတွက်      တိုကျိုအိုလံပစ် အားကစားပြိုင်ပွဲကို      ပရိသတ် အနည်းငယ်ဖြင့်          ဖွင့်လှစ်သွား မည်ဟု သိရသည်။ 


အိုလံပစ်ပွဲ  စီစဉ်သူများသည် ပွဲစဉ်အများစုကို     ပရိသတ်များ လာရောက်   ကြည့်ရှုခွင့်မပေးရန် ပြီးခဲ့သည့်   သီတင်းပတ်အတွင်း ဆုံးဖြတ်ခဲ့ကြသည်။ တိုကျိုမြို့နှင့် အိမ်နီးချင်း      သုံးခရိုင်တို့တွင် ပြုလုပ်သည့်ပွဲစဉ်များကို ပရိသတ် များ    လာရောက်ကြည့်ရှုခြင်း ခွင့်မပြုရန်     ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ 


ဂျပန်နိုင်ငံတွင်   ကိုဗစ် - ၁၉ ကူးစက်မှု ပြန်လည်များပြားလာ သည့်အတွက် ယခုလို ဆုံးဖြတ်ခဲ့ ရခြင်းဖြစ်သည်။   အခြားသော ခရိုင်များတွင်      ပြုလုပ်မည့် အားကစားပွဲများကိုမူ  လူဦးရေ အကန့်အသတ်ဖြင့် ခွင့်ပြုပေးသွား မည်ဟု သိရသည်။ 


ဇူလိုင် ၂၃ ရက်တွင် ကျင်းပ မည့် ဖွင့်ပွဲသို့ အားကစားပွဲ အရာရှိ များ၊ နိုင်ငံအသီးသီးမှ ကိုယ်စားပြု များနှင့်  အားကစားအဖွဲ့အစည်း များကိုသာ တက်ရောက်ခွင့်ပေး မည်ဟု သိရသည်။ 


အိုလံပစ်  အားကစားရွာကို ဖွင့်လှစ်ပြီးဖြစ်ကာ  အားကစား သမားအများစုမှာ   ၎င်းတို့၏ လေ့ကျင့်မှု  ပြည့်စုံစေရေးအတွက် ဂျပန်နိုင်ငံအတွင်းသို့ ရောက်ရှိနေ ကြပြီဖြစ်သည်။   သို့သော်လည်း ကိုဗစ်-၁၉  ကြောင့်   အားကစားပွဲ ထိခိုက်မည်ကို         စိုးရိမ်နေကြရ သည်။ 


အင်န်အိတ်ချ်ကေ