တိုကျိုအိုလံပစ်ပြိုင်ပွဲနှင့် မသန်စွမ်းအားကစားပြိုင်ပွဲများအတွင်း ဆိုက်ဘာတိုက်ခိုက်မှုအရေအတွက် သန်း ၄၅၀ ကို တားဆီးခဲ့

တိုကျို  အောက်တိုဘာ  ၂၁ 


တိုကျိုအိုလံပစ်ပြိုင်ပွဲနှင့်    မသန်စွမ်း အားကစားပြိုင်ပွဲများအတွင်း  ဆိုက်ဘာ တိုက်ခိုက်မှုအရေအတွက် သန်း ၄၅၀ ကို တားဆီးနိုင်ခဲ့ကြောင်း  ၎င်းအားကစား ပြိုင်ပွဲ စီစဉ်ကျင်းပသူများက  ပြောကြား သည်။    ၎င်းဆိုက်ဘာတိုက်ခိုက်မှုများ သည် တိုကျိုအိုလံပစ်ပြိုင်ပွဲနှင့်    မသန်စွမ်း       အားကစားပြိုင်ပွဲများအတွင်း  သုံးစွဲသည့် ကွန်ပျူတာကွန်ရက်များအား  ပစ်မှတ် ထား၍          ဆိုက်ဘာတိုက်ခိုက်ခဲ့ခြင်း ဖြစ် သော်လည်း      အဆိုပါကွန်ပျူတာများ၏  လုပ်ငန်းဆောင်ရွက်မှုအပေါ်         အကျိုး သက်ရောက်မှု            တစ်စုံတစ်ရာမဖြစ်ခဲ့ ကြောင်း သိရသည်။ 


ယခုတိုကျိုအိုလံပစ်ပြိုင်ပွဲများအတွင်း  ကျူးလွန်သော      ဆိုက်ဘာတိုက်ခိုက်မှု အရေအတွက်သည် ၂၀၁၂ ခုနှစ် လန်ဒန် အိုလံပစ်အားကစားပြိုင်ပွဲအတွင်း ပြုလုပ် သော ဆိုက်ဘာတိုက်ခိုက်မှုအရေအတွက် ၏ နှစ်ဆရှိကြောင်း သိရသည်။ 


အဆိုပါ ဆိုက်ဘာတိုက်ခိုက်မှုများ အတွင်း  သက်ဆိုင်ရာကွန်ပျူတာများ၏ အင်တာနက်        စာမျက်နှာများအား ဖြတ်တောက်ရန် ကြိုးစားခြင်းအပါအဝင် ကွန်ပျူတာများ၏  လျှို့ဝှက်ကုဒ်နံပါတ် များကို မှန်းဆရယူ၍ အချက်အလက်များ ရယူရန်   ကြိုးပမ်းခြင်းတို့ကို  အဆိုပါ ဆိုက်ဘာတိုက်ခိုက်သူများက ဆောင်ရွက် ခဲ့ကြကြောင်း  သိရသည်။  

ယခုကဲ့သို့  မသမာသူများက          ဆောင်ရွက်သော ဆိုက်ဘာတိုက်ခိုက်မှုများကို      မိမိတို့ အနေဖြင့် အချန်မီ  တားဆီးနိုင်ခဲ့ကြောင်း တာဝန်ရှိသူများက   ပြောကြားသည်။      

       
           

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-စိုးသူရ