
တိုကျို အောက်တိုဘာ ၂၅
တိုကျိုမြို့ အုပ်ချုပ်ရေးအဖွဲ့သည် စားသောက်ဆိုင်များတွင် ကိုဗစ်-၁၉ ကန့်သတ်ချက်များအားလုံးကို ဖယ်ရှားပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
ကိုဗစ် - ၁၉ နောက်ထပ်ကူးစက်ခံရမှုများနှင့်ဆေးရုံတက်ကုသရမှုများ လျော့ကျလာပြီးနောက် ယခုလို ဖယ်ရှားပေးခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ ၂၅ ရက်မှ စတင်ကာ ကိုဗစ် -၁၉ တိုက်ဖျက်ရေး စည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိသည့် စားသောက် ဆိုင်များနှင့် ယမကာဆိုင်များတွင် ကိုဗစ် -၁၉ ကန့်သတ်ချက်များ မရှိတော့ပေ။
ဆိုင်ဖွင့်ချိန်ကို လျှော့ချရခြင်းများနှင့် ည ၈နာရီ အထိသာ အရက်ရောင်းချရန် သတ်မှတ်ချက်များ ကိုလည်း ဖယ်ရှားပေးခဲ့သည်။ အသိအမှတ်ပြုထား သည့် စားသောက်ဆိုင်များသည် စီးပွားရေးလုပ်ငန်း များကို ပုံမှန်အတိုင်း ပြန်လည် လည်ပတ်ခွင့်ရပြီ ဖြစ်သည်။ ၁၁ လတာကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် ပုံမှန်အတိုင်း ပြန်လည် လည်ပတ်ခွင့် ရခြင်းလည်းဖြစ်သည်။
အသိအမှတ်ပြုခြင်း မခံရသေးသည့်စားသောက် ဆိုင်များတွင်မူ အရက်ရောင်းချခွင့်ကို ည ၉နာရီ အထိသာ ခွင့်ပြုပေးထားသည်။ စားသောက်ဆိုင် များအားလုံး စားပွဲတစ်ဝိုင်းတွင် လူလေးဦးသာ ထိုင်ခွင့်ပြုမည်ဖြစ်သည်။
လူအုပ်စုများလျှင် ကိုဗစ် -၁၉ ကာကွယ်ဆေးထိုး ပြီးကြောင်း ပြသရမည်ဖြစ်သည်။ နိုဝင်ဘာလကုန် အထိ ကိုဗစ် -၁၉ တိုက်ဖျက်ရေး လုပ်ဆောင်မှုများကို အားကောင်းအောင်ဆက်လက်လုပ်ဆောင်သွားမည် ဟု တိုကျိုမြို့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။
အင်န်အိတ်ချ်ကေ