
တိုကျို ဩဂုတ် ၂၃
ဂျပန်နိုင်ငံတွင် ကိုဗစ်-၁၉ အရေး ပေါ် အခြေအနေကြေညာထားမှုကို တိုးချဲ့ပြီးနောက် ပထမသီတင်း ပတ်အတွင်း ကိုဗစ် -၁၉ ကူးစက် မှုများနှင့် ရင်ဆိုင်နေရသည်။ ကူးစက်မှုနှုန်းကျဆင်းသွားသည့် လက္ခဏာမျိုးမရှိသေးချေ။ ဩဂုတ် ၂၂ ရက်တွင် မြို့တော်တိုကျို၌ ကူးစက်ခံရသူ ၄၃၉၂ ဦး တွေ့ရှိခဲ့ သည်။ ဩဂုတ် ၂၁ ရက်နှင့် နှိုင်းယှဉ်ကြည့်လျှင် ကူးစက်ခံ ရသူ ၇၀၀ လျော့ကျသွားခဲ့သည်။ အသက် ၅၀ ဝန်းကျင် အမျိုးသမီး တစ်ဦးမှာယခင်လက ကာကွယ် ဆေး နှစ်ကြိမ် ထိုးပြီးဖြစ်သော် လည်း ကိုဗစ်-၁၉ ကူးစက်ခံရ သည်။ သို့သော်လည်း ဆေးရုံတွင် လူနာ ပုံနေသည့်အတွက် နေအိမ် ၌သာ ကုသမှုခံယူရန် စေခိုင်းခြင်း ခံရသည်။
၎င်းမှာတိုကျိုတွင် တစ်ဦး တည်း နေထိုင်သူဖြစ်သည့်အတွက် တစ်ဦးတည်း ပြန်လည်သက်သာရာ ရရန် ၎င်းအတွက် ကြိုးပမ်းမှုမှ ခက်ခဲသည်ဟု ၎င်းက ပြောသည်။ ဂျပန်နိုင်ငံတစ်လွှား ဩဂုတ် ၂၂ ရက်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၂၀၀၀ ရှိသည်။ ဆေးရုံတွင် ကုသမှု ခံယူနေပြီး စိုးရိမ်ရသည့်အနေ အထားရှိသူဦးရေမှာ ၁၈၉၁ ဦး ရှိသည်ဟု ကျန်းမာရေးဝန်ကြီး ဌာနက ပြောသည်။
အင်န်အိတ်ချ်ကေ