တိုက်ကြီးမြို့နယ် ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်(၃) ဖြင့် အိမ်ထောင်စုစာရင်း ထုတ်ပေးနေမှုနှင့် ဇီဝအချက်အလက်ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်

 

ရန်ကုန်  ဩဂုတ်  ၇
ရန်ကုန်တိုင်းဒေသကြီး     တိုက်ကြီးမြို့နယ်   ဒေသခံ ပြည်သူများအား ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စု စာရင်းထုတ်ပေးပြီး        ဇီဝအချက်အလက်များ ကောက်ယူနေမှုကို      တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်   တာဝန်ရှိသူများက   ဩဂုတ်  ၆   ရက် တွင် ကွင်းဆင်းကြည့်ရှုသည်။
တိုင်းဒေသကြီး     ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုက်ကြီးခရိုင်နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးတွင် ဝန်ထမ်းများက ဒေသခံပြည်သူများအား        အိမ်ထောင်စုစာရင်း ထုတ်ပေးနေမှု၊ ဇီဝအချက်အလက်  ကောက်ယူနေမှု များကို     လိုက်လံကြည့်ရှုအားပေးကြရာ    တိုင်း ဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက ပန်းခင်းစီမံချက် (၃)ဖြင့်      လုပ်ငန်းဆောင်ရွက်မှု အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီး  ဝန်ကြီးချုပ်က  ဒေသခံပြည်သူများ အား       သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အထောက်အကူပြု  အင်္ကျီနှင့်ဦးထုပ်များ   ပေးအပ် ကြပြီး ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကြသည်။
ထို့နောက်         တိုင်းဒေသကြီးဝန်ကြီးချုပ်က  ပြည်လုံးကျွတ်    သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ    ၁၅  ရက်ကြာ    ပြည်လုံးကျွတ်အဆင့် ဆောင်ရွက်မည်ဖြစ်ပြီး လုံခြုံရေးအခြေအနေမှလွဲ၍ အကြောင်းအမျိုးမျိုးကြောင့်  ကောက်ယူရန် ကျန်ရှိ နေပါက       ရက်ထပ်မံတိုးမြှင့်ကောက်ယူနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်ထားကြရန် လိုအပ်ကြောင်း၊ အိမ်ထောင်စု မေးခွန်းပုံစံအတွက် မေးခွန်း ၆၈ ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံအတွက်  မေးခွန်း ၁၈ ခုကို မေးမြန်းကောက်ယူမည်ဖြစ်ကြောင်း၊     နိုင်ငံတော် အတွက်အရေးကြီးသည့်        လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည်နှင့်အညီ     အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူကာ  အားလုံးက  ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်  တာဝန်ရှိသူများကို  မှာကြားခဲ့ ကြောင်း သိရသည်။       
 ဆန်းကျော်ဦး (ပြန်/ဆက်)