တိုက်ကြီးမြို့နယ် ပိတောက်တန်းကျေးရွာနှင့်ပတ်ဝန်းကျင် ကျေးရွာများရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော်   ဇူလိုင်  ၁၆


ရန်ကုန်တိုင်းဒေသကြီး     တိုက်ကြီးမြို့နယ်      တာခွကျေးရွာအုပ်စု ပိတောက်တန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ  သံဃာတော် များနှင့်    ဒေသခံပြည်သူများအား  ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က ပိတောက်တန်းကျေးရွာရှိ ရွှေပင်ဝင်းတောရကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၁၁ ပါး၊ သီလရှင် ၁၅ ပါးနှင့် ဒေသခံပြည်သူ  ၁၆၇ ဦးတို့အား  နား၊ နှာခေါင်း၊  လည်ချောင်းရောဂါ၊  ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အရိုးအကြောရောဂါ၊  ကလေး ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ဆောင်ရွက်နေမှုများကို တိုက်ကြီးတပ်နယ်မှ တာဝန်ရှိသူ များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်