
နေပြည်တော် ဇူလိုင် ၂၈
အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသည့် ၂၀၂၂ ခုနှစ် ပြည်နယ် နှင့်တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက်(အမျိုးသား) ဘောလုံး ပြိုင်ပွဲ ကို ယနေ့ ညနေ ၃ နာရီခွဲ တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း လေ့ကျင့် ရေး ကွင်းအမှတ် (၁)နှင့် ကွင်း အမှတ်(၃)တို့၌ ဆက်လက် ကျင်းပရာ အားကစားနှင့်လူငယ် ရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစား ဝါသနာရှင် များ တက်ရောက်ကြည့်ရှု အားပေး ခဲ့ကြသည်။
ပထမအဆင့် အုပ်စုပတ်လည် ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ယနေ့ နံနက် ၇ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိ ဘောလုံး အားကစားကွင်း လေ့ကျင့်ရေး ကွင်းအမှတ်(၃)၌ ပဲခူးတိုင်း ဒေသကြီးအသင်းနှင့် မကွေးတိုင်း ဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက် နှစ်ဂိုးစီဖြင့် သရေရလဒ်ဖြင့်လည်း ကောင်း၊ ညနေ ၃ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစား ကွင်း လေ့ကျင့်ရေးကွင်းအမှတ် (၁)၌ မန္တလေးတိုင်းဒေသကြီး အသင်းနှင့် ချင်းပြည်နယ်အသင်း တို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မန္တလေးတိုင်း ဒေသကြီးအသင်း က ချင်းပြည်နယ်အသင်းကို ရှစ်ဂိုး တစ်ဂိုးဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစား ကွင်း လေ့ကျင့်ရေးကွင်းအမှတ် (၃)၌ ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့် ဧရာဝတီတိုင်းဒေသ ကြီးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြရာ ရန်ကုန်တိုင်း ဒေသကြီးအသင်းက ဧရာဝတီ တိုင်းဒေသကြီး အသင်းကို လေးဂိုး နှစ်ဂိုးဖြင့် လည်းကောင်း အသီးသီးယှဉ်ပြိုင် အနိုင်ရရှိခဲ့ကြ သည်။
ကွာတားဖိုင်နယ် ပွဲစဉ်များ အဖြစ် ၃၀-၇-၂၀၂၂ ရက်နေ့ နံနက် ၇ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိ ဘောလုံး အားကစားကွင်း လေ့ကျင့်ရေးကွင်း အမှတ်(၁) ၌ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် ကရင် ပြည်နယ်အသင်း၊ ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း လေ့ကျင့် ရေး ကွင်းအမှတ်(၃)၌ မန္တလေး တိုင်း ဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်း ဒေသကြီးအသင်း၊ ညနေ ၃ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း လေ့ကျင့် ရေး ကွင်းအမှတ်(၁)၌ ကချင် ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအသင်း၊ ဝဏ္ဏသိဒ္ဓိ ဘောလုံး အားကစားကွင်း လေ့ကျင့်ရေး ကွင်းအမှတ်(၃)၌ မွန်ပြည်နယ်အသင်းနှင့် ပဲခူးတိုင်း ဒေသကြီးအသင်းတို့ ဆက်လက် ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ် ရာ ဘောလုံးအားကစားနည်း ကို စိတ်ပါဝင်စားသည့် မည်သူ မဆို အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိ သည်။
အားကာမောင်