
နေပြည်တော် ဇူလိုင် ၂၃
၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် (အမျိုးသား) ဘောလုံး ပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းအမှတ် (၁) နှင့် (၃) ၌ ဆက်လက်ကျင်းပရာ ယနေ့ညနေ သုံးနာရီခွဲတွင် ပထမအဆင့်အုပ်စု ပတ်လည်ပြိုင်ပွဲ အဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း ကွင်းအမှတ် (၁) ၌ မွန်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး ကွင်းအမှတ် (၃) ၌ ကချင်ပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ တစ်ဖက်တစ်ဂိုးစီ သရေဖြစ်ခဲ့သည်။
ဇူလိုင် ၂၄ ရက်တွင် ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်အဖြစ် ညနေ ၃ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းအမှတ် (၁) ၌ နေပြည်တော်အသင်း နှင့် ရှမ်းပြည်နယ်အသင်း၊ ကွင်းအမှတ် (၃) ၌ ရခိုင်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
အားကာမောင်