
နေပြည်တော် ဇူလိုင် ၂၆
၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၉) နှစ် အောက် (အမျိုးသား) ဘောလုံး ပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏ သိဒ္ဓိဘောလုံး အားကစားကွင်း အမှတ် (၁) နှင့် (၃) ၌ ကျင်းပရာ ယနေ့ညနေ ၃ နာရီခွဲတွင် ပထမ အဆင့် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကွင်းအမှတ် (၁) ၌ မွန်ပြည်နယ်အသင်းက ဧရာ ဝတီတိုင်းဒေသကြီး အသင်းကို သုံးဂိုး-ဂိုး (မရှိ) ဖြင့် အနိုင်ရပြီး ကွင်းအမှတ် (၃) ၌ ကချင်ပြည် နယ်အသင်းနှင့် ရှမ်းပြည်နယ် အသင်းတို့ တစ်ဖက် သုံးဂိုးစီဖြင့် သရေဖြစ်ခဲ့သည်။
ဇူလိုင် ၂၇ ရက်တွင် ပထမ အဆင့် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်အဖြစ် ညနေ ၃ နာရီခွဲတွင် ကွင်း အမှတ် (၁) ၌ တနင်္သာရီ တိုင်းဒေသကြီးအသင်းနှင့် ပြည် ထောင်စုနယ်မြေ နေပြည်တော် အသင်း၊ ကွင်းအမှတ် (၃) ၌ ရခိုင် ပြည်နယ်အသင်းနှင့် ကရင်ပြည် နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြ မည်ဖြစ်ရာ အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရ သည်။
အားကာမောင်