
ရန်ကုန် စက်တင်ဘာ ၁၇
၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် စားပွဲတင်တင်းနစ် ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ဆက်လက် ကျင်းပသည်။
အဆိုပါပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး အသင်းလိုက်၊ နှစ်ယောက်တွဲ၊ တစ်ဦးချင်း၊ အမျိုး သား + အမျိုးသမီး နှစ်ယောက် တွဲပြိုင်ပွဲများ ယှဉ်ပြိုင်ကြသည်။
“တိုင်းဒေသကြီးနှင့် ပြည်နယ် ပြိုင်ပွဲလုပ်ရတဲ့အတွက် မြန်မာ နိုင်ငံ စားပွဲတင်တင်းနစ်အဖွဲ့ချုပ် အနေနဲ့ မျိုးဆက်သစ်တွေ ရွေးထုတ်ပြီးမှ အဖွဲ့ချုပ်မှာ စခန်းသွင်းပြီး နိုင်ငံ့လက်ရွေးစင် ဖြစ်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲမှာ ချင်းပြည် နယ်ကလွဲလို့ ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ် လာရောက်ယှဉ်ပြိုင် ကြပြီး ဒီနှစ်ပြိုင်ပွဲဝင်ဦးရေ ပိုများ လာတာ ဖြစ်ပါတယ်”ဟု မြန်မာ နိုင်ငံ စားပွဲတင်တင်းနစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်က ပြောသည်။
အဆိုပါပြိုင်ပွဲတွင် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ အမျိုး သား ၁၄ သင်း၊ အမျိုးသမီး ပြိုင်ပွဲဝင် ၁၃ သင်း၊ ကစားသမား ၁၈၀ ကျော် ဝင်ရောက်ယှဉ်ပြိုင် ကြပြီး စက်တင်ဘာ ၂၀ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ မည်သူမဆို အခမဲ့ ဝင်ရောက် ကြည့်ရှုနိုင်သည်။
အာကာစိုး