တိုင်းဒေသကြီးနှင့် ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆက်လက်ကျင်းပ

 

နေပြည်တော်   ဇူလိုင်   ၇


အားကစားနှင့်   လူငယ်ရေးရာဝန်ကြီးဌာနနှင့်    မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့်  ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို   နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(C)ရုံ၌  ကျင်းပလျက်ရှိသည်။

 


ယနေ့ကျင်းပသည့် သုံးယောက်တွဲ အသင်းလိုက် (အမျိုးသား) ဆီမီးဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို      နှစ်ပွဲပြတ်ဖြင့်    လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေအသင်းက     ပဲခူးတိုင်းဒေသကြီး အသင်းကိုနှစ်ပွဲပြတ်ဖြင့်လည်းကောင်း  အသီးသီး   ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြကြောင်း သိရသည်။

 


ဆက်လက်၍ သုံးယောက်တွဲအသင်းလိုက် (အမျိုးသား) တတိယ လုပွဲ ပွဲစဉ်တွင်  ပဲခူးတိုင်းဒေသကြီးအသင်းက  ရှမ်းပြည်နယ်အသင်း ကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊  ဗိုလ်လုပွဲ ပွဲစဉ်တွင်  နေပြည်တော် ကောင်စီနယ်မြေအသင်းက      စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို  နှစ်ပွဲ-တစ်ပွဲဖြင့် လည်းကောင်း    အသီးသီး  ယှဉ်ပြိုင်အနိုင်ရရှိကြောင်း သိရသည်။


(အားကာ/ လူငယ်)