တိုင်းရင်းသားပြည်သူအားလုံး ငြိမ်းချမ်းရေးနှင့်  ဖွံ့ဖြိုးတိုးတက်မှုအရသာကို ခံစားနိုင်ရေး

 

 

မငြိမ်းချမ်းက  မဖွံ့ဖြိုး၊   ငြိမ်းချမ်းမှ  ဖွံ့ဖြိုးမည်။   ငြိမ်းချမ်းခြင်း ဟူသည် ပဋိပက္ခတို့မရှိခြင်း၊ မုန်းတီးခြင်းနှင့် ရန်လိုတိုက်ခိုက်မှု တို့ ကင်းစင်ခြင်း၊ စိုးရိမ်ထိတ်လန့်မှုနှင့်  ကြောက်ရွံ့မှုတို့  ကင်းဝေး ခြင်း၊ ယုံကြည်စိတ်ချမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့်  သဟဇာတဖြစ်မှု တို့ ဖြစ်တည်ထွန်းကားခြင်းဟူသည့် လက္ခဏာများ  ပေါင်းစပ်ပါဝင် သည်။  ငြိမ်းချမ်းပြီး  တည်ငြိမ်သည့်  လူမှုအဖွဲ့အစည်းသည်သာ အပေါင်းလက္ခဏာဆောင်ပြီး  ဖွံ့ဖြိုးတိုးတက်မှုများ  ဖြစ်ပေါ်လာ အောင် တည်ဆောက်နိုင်မည်ဖြစ်သည်။ 
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်           လိုအပ်ချက်များတွင် ငွေကြေးရင်းနှီးမြှုပ်နှံမှု၊   နည်းပညာနိမ့်ကျမှု၊ နိုင်ငံရေး၊ လူမှုရေး၊ နိုင်ငံသူ နိုင်ငံသားတို့၏ စိတ်ဓာတ်ရေးရာအခြေအနေများ စသည် တို့   ပါဝင်ပြီး ဖွံ့ဖြိုးမှုနောက်ကျနေသည့်  နိုင်ငံတစ်နိုင်ငံအနေဖြင့် ဖော်ပြပါလိုအပ်ချက်များ   ပြည့်ပြည့်စုံစုံဖြင့်   ကြိုးစားလျှင်ပင် နှစ်ပေါင်း ၂၀  တစ်နှစ်ပြီးတစ်နှစ်   ဆက်တိုက်အောင်မြင်မှု ရရှိရန် လိုအပ်သည်။ မျက်မှောက်ကာလ   မိမိတို့နိုင်ငံ၏  အခြေအနေကို သုံးသပ်မည်ဆိုပါက    စည်းလုံးညီညွတ်မှု    အားနည်းလျက်ရှိပြီး ယင်းအားနည်းချက်သည်      တိုင်းရင်းသားလူမျိုးများအကြား လူမျိုးတစ်မျိုးနှင့်တစ်မျိုး    မုန်းတီးနေခြင်း၊   ပဋိပက္ခဖြစ်နေခြင်း ကြောင့် မဟုတ်ဘဲ ခေါင်းဆောင်ဖြစ်သူများအပေါ်တွင်သာ အဓိက တည်မှီနေသည်ကို တွေ့ရသည်။ နိုင်ငံသူ နိုင်ငံသား တိုင်းရင်းသား ပြည်သူအားလုံးက  မျှော်တလင့်လင့်ဖြစ်နေကြသည့် ငြိမ်းချမ်းရေး အတွက် စကားဝိုင်းများ၊ ဆွေးနွေးပွဲများ၊ ညီလာခံများ ကျင်းပခဲ့ သမျှတွင် စကားလုံးအလှအပများ ကြားခဲ့ကြရသလောက် ပြည်သူ တို့၏   မျှော်လင့်ချက်တို့မှာ    လေနှင့်အတူ    လွင့်ပြယ်ခဲ့ရပေါင်း များလှပြီ ဖြစ်သည်။
လာမည့် ၂၀၂၃ ခုနှစ်  ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့သည်မှာ နှစ်ပေါင်း ၇၅ နှစ်ပြည့်ပြီဖြစ်သည်။ ယခုမှစ၍     မိမိတို့  ငြိမ်းငြိမ်းချမ်းချမ်း၊   ညီညီညွတ်ညွတ် တစ်စိတ်တည်း   တစ်ဝမ်းတည်း       အားထုတ်ကြိုးပမ်းနိုင်ကြလျှင် မြန်မာ့လွတ်လပ်ရေးနှစ် ၁၀၀ ပြည့်ကာလတွင် မိမိတို့ နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာနှင့် ရင်ပေါင်တန်း နိုင်မည်ဖြစ်ပြီး အကွဲကွဲအပြဲပြဲနှင့်  နေမြဲအတိုင်း ဆက်လက်သွား မည်ဆိုပါက  အောက်ဆုံးအဆင့်ဆီသို့   ကျသည်ထက်ကျဆင်း သွားမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ‌တော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ၂၀၂၂ ခုနှစ် ဧပြီ ၂၂ ရက် ငြိမ်းချမ်းရေးမိန့်ခွန်းတွင်  တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိစေရန်နှင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေ ရန် ရည်ရွယ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးမှုများ  ဆောင်ရွက်သွားမည်ဖြစ်သဖြင့်  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အသီးသီးမှ  ခေါင်းဆောင်များကိုယ်တိုင်နှင့် အဖွဲ့ဝင်နှစ်ဦးစီ  တက်ရောက်ပေးရန်  ဖိတ်ခေါ်တိုက်တွန်းထား ရာ  တောင်ပေါ်မြေပြန့်မကျန်  တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ၏ ငြိမ်းချမ်းရေး လိုအင်ဆန္ဒနှင့်အညီပင် ဖြစ်သည်။ ကိုယ်စားလှယ် များ၊   အကျိုးဆောင်များ၊   ကြားခံအဖွဲ့အစည်းများ၊   မျက်မြင် သက်သေများနှင့်    လူအင်အား   အများအပြားပါဝင်ပြီး   ရလဒ် အနည်းငယ်မျှသာ    ထွက်ပေါ်လာတတ်သည့်    ညီလာခံများ၊ ဆွေးနွေးပွဲများထက် ခေါင်းဆောင်များကိုယ်တိုင်  တွေ့ဆုံပြီး ရိုးသားပွင့်လင်းစွာ၊ နိုင်ငံနှင့်ပြည်သူအပေါ် စေတနာမှန်စွာ၊ သစ္စာ ရှိစွာ ဆွေးနွေးခြင်းက အချိန်တိုတိုနှင့် လိုရင်းကို မြန်မြန်ရောက်နိုင် မည်ဟု ယုံကြည်မိသည်။ 
နိုင်ငံတော်အစိုးရနှင့်  တပ်မတော်က တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ အစဉ်အဆက်တောင်းဆိုလာခဲ့သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံ တည်ဆောက် ရေးကို အခိုင်အမာ အာမခံထားကာ  တိုင်းရင်းသားပြည်သူအားလုံး ငြိမ်းချမ်းရေးနှင့်  ဖွံ့ဖြိုးတိုးတက်မှုအရသာကို  ခံစားနိုင်ရေးအတွက် ရိုးသားပွင့်လင်းစွာ  ဆွေးနွေးသွားမည်ဖြစ်ရာ  သမိုင်းတစ်ခေတ် ဆန်းသစ်နိုင်ရေးအတွက်     အမြော်အမြင်ကြီးစွာ     ပူးပေါင်း ဆောင်ရွက်နိုင်ကြပါစေကြောင်း။          ။