
တိုကျို အောက်တိုဘာ ၁၉
တိုယိုတာကုမ္ပဏီသည် ကမ္ဘာအနှံ့ လျှပ်စစ်မော်တော်ကားနှင့် စွမ်းအင်နှစ်မျိုးသုံး ကားများအတွက် ဘက်ထရီလိုအပ်ချက်များ မြင့်မားလာသည့်အတွက် အမေရိကန်တွင် ပထမဆုံး ဘက်ထရီစက်ရုံ တည် ဆောက်မည်ဟု ပြောသည်။
ဂျပန်ကားကုမ္ပဏီဖြစ်သည့် တိုယိုတာကုမ္ပဏီ သည် တိုယိုတာဆုရှိုအုပ်စုနှင့်အတူ ပူးပေါင်း၍ အမေရိကန် ကုမ္ပဏီသစ်တစ်ခုအဖြစ် ဖွဲ့စည်းသွား မည်ဟု အောက်တိုဘာ ၁၈ ရက်တွင် ပြောသည်။ စက်ရုံတည်နေရာနှင့်ပတ်သက်၍ ပြောကြားသွားခြင်း မရှိပေ။ အဆိုပါစက်ရုံအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံရင်းနှီးမြှုပ်နှံသွားရန် စီစဉ်ထား ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်တွင် ထုတ်လုပ်မှုများ စတင်ရန် အတွက် ရည်ရွယ်ထားကြောင်း တိုယိုတာကုမ္ပဏီက ပြောသည်။ ပြီးခဲ့သည့်လအတွင်းကလည်း တိုယိုတာ ကုမ္ပဏီသည် ဘက်ထရီများ ထုတ်လုပ်ရန်အတွက် အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံ ရင်းနှီးမြှုပ်နှံသွား မည်ဟု ကြေညာခဲ့သည်။ တချို့သော ငွေကြေးများကို ဂျပန်နိုင်ငံနှင့် အခြားသောနေရာများရှိ စက်ရုံများတွင် ရင်းနှီးမြှုပ်နှံသွားမည်ဟု သိရသည်။ ပြိုင်ဘက် ကားကုမ္ပဏီများသည်လည်း အဆိုပါနယ်ပယ်တွင် ကြီးမားသည့်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက်ရှိသည်။
ဂျာမနီနိုင်ငံမှ ဗောက်စ်ဝယ်ဂင်နှင့် အမေရိကန်မှ ဂျန်နရယ်မော်တာ ကားကုမ္ပဏီတို့သည်လည်း လျှပ်စစ်ကားများအတွက် ဘက်ထရီစက်ရုံများ တည်ထောင်သွားရန် အစီအစဉ်ရှိသည်ဟု ကြေညာခဲ့ သည်။
အင်န်အိတ်ချ်ကေ