
နေပြည်တော် ဇွန် ၄
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏ အနာဂတ်ဖြစ်သည့် မျိုးဆက်သစ် ရင်သွေးငယ်များ၏ ပညာရေးတွင် နောက်ကျ ကျန်ရစ်မှု မဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝစွာအသုံးချနိုင်စေရန် အခြေခံပညာ ကျောင်းများကို ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်သင်ကြားပေး ခဲ့ပြီး ကျောင်းဝတ်စုံ၊ ကျောင်းသုံး ဖတ်စာအုပ် အပါအဝင်
ကျောင်းသုံး စာရေးကိရိယာများ ကို နိုင်ငံတော်အစိုးရမှ အခမဲ့ ထောက်ပံ့ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး ခြင်းတို့ကို အင်တိုက်အားတိုက် အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိသည်။
သို့ရာတွင် NUG အမည်ခံ အကြမ်းဖက်အဖွဲ့နှင့် ၎င်း၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက် သမားများသည် အနာဂတ် ရင်သွေးငယ်များ၏ ပညာသင်ကြား သင်ယူခွင့် အခွင့် အလမ်းများ ပျက်ပြား၍ ပညာမဲ့ လူတန်းစားများ ဖြစ်ပေါ်လာစေ ရန်နှင့် ၎င်းတို့ကို အကြောက် တရားဖြင့် ထောက်ခံအားပေး လာစေရန် ယုတ်မာရိုင်းစိုင်း သော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက် အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေး ဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်း၊ အထောက်အကူပြု ပစ္စည်းများနှင့် ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ကျောင်းသုံး စာအုပ်များအား မီးရှို့ဖျက်ဆီး ခြင်း၊ အတင်းအဓမ္မလုယူခြင်း စသည့်နည်းလမ်းမျိုးစုံ အသုံးပြု ကာ ပညာရေးကဏ္ဍ မြင့်မားရေး ကို နှောင့်ယှက် ဖျက်ဆီးလျက် ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း စစ်ကိုင်းတိုင်း ဒေသကြီး တမူးမြို့ စော်ဘွားအင်း ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံး အား PDF အမည်ခံ အကြမ်းဖက် သမားများက မီးရှို့ဖျက်ဆီးခဲ့ ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ တမူးမြို့ စော်ဘွား အင်း ရပ်ကွက်ရှိ မြို့နယ်ပညာရေး မှူးရုံးသို့ ယနေ့ မွန်းလွဲ ၃ နာရီခန့် တွင် PDF အမည်ခံ အကြမ်းဖက် သမား နှစ်ဦးက အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်းမှ တစ်ဆင့် ဆိုင်ကယ်ဖြင့် ရောက်ရှိလာခဲ့ ကြောင်း၊ ထို့နောက် အစောင့် ဖြစ်သူ ဦးနေထူးအောင် (ဘ)ဦးကြည်ရှိန်အား ပစ္စတိုဖြင့် ထောက်၍ ပညာရေးမှူးရုံး အဆောက်အဦအား ၎င်းတို့အသင့် ယူဆောင်လာသည့် ဓာတ်ဆီများ ဖြင့် လောင်းကာ မီးရှို့ဖျက်ဆီးခဲ့ပြီး လာရာလမ်းအတိုင်း ဆိုင်ကယ် ဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့ ကြောင်း သိရှိရသည်။ PDF အမည်ခံ အကြမ်းဖက်သမားများ ၏ မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်နေသည့် ပညာရေးမှူးရုံး ကို နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ခြောက်စီး၊ ရေသယ် ယာဉ်တစ်စီးတို့ဖြင့် သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ ၃ နာရီ မိနစ် ၂၀ ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရပြီး ပညာရေးမှူးရုံး အတွင်း ရှိ ရုံးခန်းနှစ်ခန်းနှင့် ရုံးခန်းများ အတွင်းရှိ သင်ထောက်ကူပြု ပစ္စည်းများ၊ စာရွက်စာတမ်းများ နှင့် ပရိဘောဂများ မီးလောင် ပျက်စီးဆုံးရှုံးခဲ့သည်။
ဖြစ်စဉ်တွင် ပါဝင်ပတ်သက် သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိ သည်။ တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံးအနေဖြင့်လည်း ယခုကဲ့သို့ ယုတ်မာရိုင်းစိုင်းသည့် လုပ်ရပ်ကို ကျူးလွန်ခဲ့သည့်၊ ကျူးလွန်ရန် အားပေးလှုံ့ဆော်နေ သည့် NUG၊ PDF အမည်ခံအကြမ်း ဖက်အဖွဲ့များအပေါ် ဝိုင်းဝန်း ဆန့်ကျင်ကြရန်နှင့် အကြမ်းဖက် အဖွဲ့များ၏ လှုပ်ရှားမှု သတင်းများ ရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ များထံ သတင်းပို့ခြင်းဖြင့် ပြည်သူ့ လုံခြုံရေး၊ အနာဂတ် ရင်သွေးငယ် များ၏ လုံခြုံရေးကို ဝိုင်းဝန်း ကူညီပေးကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းထားကြောင်း သတင်း ရရှိသည်။
သတင်းစဉ်