
နေပြည်တော် ဖေဖော်ဝါရီ ၄
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၃ ရက်က မွန် ပြည်နယ် အကောက်ခွန်လှုပ်ရှားစစ်ဆေးရေးအဖွဲ့နှင့် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်း တာဝန်ကျပူးပေါင်းအဖွဲ့တို့သည် သတင်းအရ ရှောင်တခင်စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ၁၂ ဘီး ကုန်တင်ယာဉ်ပေါ်တွင် သွင်းကုန်ကြေညာလွှာ ID ၌ ကြေညာထားသည်ထက် ပိုမိုတင် ဆောင်လာသော ကားတာယာ မျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၆၀၀၀၀၀) နှင့် အဆိုပါပစ္စည်း များ တင်ဆောင်လာသည့် Profia ၁၂ ဘီး ကုန်တင်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀ ၀၀၀)ကိုလည်းကောင်း၊ ဘားအံ မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာ သော ခရီးသည်တင်ယာဉ်တစ်စီး ပေါ်မှ ခရီးသည် ဝန်စည်များနှင့် အတူ ရောနှောတင်ဆောင်လာ ပြီး တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံ တစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန် ပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၄၀၀ ၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀ ၀၀၀) ဖမ်းဆီးရမိခဲ့ပြီး အကောက် ခွန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ ဖေဖော်ဝါရီ ၄ ရက် တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင် သော စစ်ဆေးရေးအဖွဲ့မှ စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ တန့်ဆည် မြို့နယ်တွင် တရားမဝင်တင်ဆောင် လာသော နွား ၃၄ကောင် (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၄၀၀၀၀၀၀) အား တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေး ဥပဒေအရလည်းကောင်း၊ စစ်ကိုင်းမြို့နယ်တွင် (လိုင်စင်မဲ့) HONDA FIT ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅၀၀၀၀၀) အား ပို့ကုန် သွင်းကုန် ဥပဒေအရလည်း ကောင်း၊ တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျွန်းသစ်(ဗုံတို/တိုင်) ၃ ဒသမ ၁၆၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၀၀၀) သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၇၅၈၅၀၀၀) ဖမ်းဆီးအရေးယူ ဆောင်ရွက် လျက်ရှိသည်။
ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်း စစ်ဆေးရေးအဖွဲ့များဖြင့် သတင်းအရ သွားရောက်စစ်ဆေးခဲ့ ရာ သာယာဝတီခရိုင် သစ်တော ကြိုးဝိုင်းအတွင်း တရားမဝင် ကျွန်းသစ် ၁ ဒသမ ၂၀၄၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀ ၆၀၀) ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ပါ၍ ဖေဖော်ဝါရီ ၃ ရက် နှင့် ၄ ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ခုနစ်မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂၇၆၅ ၆၀၀) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်