တနင်္သာရီမြစ်ရေကြီးသဖြင့် အခြေခံပညာကျောင်းငါးကျောင်း ယာယီပိတ်

 

တနင်္သာရီ   ဇူလိုင်   ၂၇      


တနင်္သာရီ          တိုင်းဒေသကြီး တနင်္သာရီမြို့၌   ဇူလိုင်လ  ပထမ ပတ်မှစ၍        မိုးသည်းထန်စွာ အဆက်မပြတ်      ရွာသွန်းနေမှု ကြောင့် တနင်္သာရီမြစ်ရေကြီးမှု ကြောင့် ကျောင်းသား ကျောင်းသူ များ  ရေဘေးအန္တရာယ် ကင်းဝေး စေရေးအတွက် ဇူလိုင် ၂၆ ရက် နံနက် ၉  နာရီမှစ၍  တနင်္သာရီ မြို့နယ်အတွင်းရှိ    အခြေခံပညာ ကျောင်းငါးကျောင်း  ယာယီပိတ် ထားကြောင်း မြို့နယ်ပညာရေး မှူးရုံးမှ သိရသည်။
တနင်္သာရီမြစ်ရေ     ကြီးမှု ကြောင့် စုစုပေါင်း ကျောင်းသား ကျောင်းသူ ၃၇၃ ဦး တက်ရောက် နေသည့်        ဘန်းသဲကျေးရွာ မူလွန်ကျောင်း၊  မြန်မာအင်းတော် ကျေးရွာ     မူလတန်းကျောင်း၊ ကျောက်မိကျောင်းကျေးရွာ မူလ တန်းကျောင်း၊  မြေမအုံကျေးရွာ မူလတန်းကျောင်းနှင့်   ထုံနွယ် ကျေးရွာ            မူလတန်းကျောင်း တို့   ယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ    သိရ သည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)