တနင်္သာရီမြို့နယ်၌ မြေစာပိ၍ အမျိုးသား လေးဦးနှင့် အမျိုးသမီး တစ်ဦးသေဆုံး

 

နေပြည်တော်   ဧပြီ   ၃


တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် သဘော့လိပ်ကျေးရွာ၌ ဧပြီလ ၁ ရက်က မြေစာတူးရာမှ မိုးသည်းထန်စွာရွာသွန်း၍ မြေသား ပြိုကျကာ အမျိုးသား လေးဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံးသွားခဲ့ ကြောင်း သိရသည်။ 

 


ဖြစ်စဉ်မှာ ဧပြီ ၁ ရက် ည ၉ နာရီခန့်တွင် တနင်္သာရီမြို့နယ် သဘော့ လိပ်ကျေးရွာ၌ ပဲခူးတိုင်းဒေသကြီး ခြေတော်ရာကျေးရွာနေ ဦးအောင် ဇေယျာလင်း(၃၃ နှစ်) ပိုင်ဆိုင်သော ရော်ဘာခြံအတွင်း မြေစာတူးရာမှ မိုးသည်းထန်စွာရွာသွန်း၍ မြေသားပြိုကျကာ ၎င်းနှင့်အတူ ရော်ဘာခြံ လုပ်သားများဖြစ်သည့် သထုံမြို့နေ ဇင်မင်းသူ(၂၆ နှစ်)၊ ရွှေကျင်မြို့နေ မအေးမာစန်း(၂၆ နှစ်)၊   ငါးဖယ်အင်းရွာနေ   ဟဲဗီးဖြိုး (၁၄ နှစ်)နှင့်  ညီညီ (၂၈ နှစ်)တို့ ငါးဦးမှာ မြေစာပိ၍သေဆုံးသွားကြောင်း  သတင်း ရရှိသည်။ 


ရဲပြန်ကြား