
နေပြည်တော် ဇွန် ၂၀
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီခွဲ က တနင်္သာရီတိုင်းဒေသကြီး မြိတ် မြို့ရှိ ပုလဲရတနာခန်းမ၌ ကျင်းပ သည်။
အခမ်းအနားသို့ ဗဟို သန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်၊ တနင်္သာရီ တိုင်းဒေသကြီး သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံ လင်း၊ တိုင်းဒေသကြီးဝန်ကြီး များ၊ တနင်္သာရီတိုင်းဒေသကြီး သန်းခေါင်စာရင်း ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်စု သန်းခေါင်စာရင်းကော်မတီ ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များ နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက တနင်္သာရီတိုင်းဒေသကြီး အနေ ဖြင့် ကောက်ကွက်ပေါင်း ၂၆၀၀ ကျော်ဖြင့်ဖွဲ့စည်း၍ စာရင်းစစ်၊ စာရင်းကောက် ၁၀၀၀ ကျော်ဖြင့် ကောက်ယူရန်လျာထားကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် လုံခြုံရေးအခြေအနေနှင့် လမ်းပန်း ဆက်သွယ်မှု အခက်အခဲများ ကြောင့် သတ်မှတ်ရက်အတွင်း ကောက်ယူရန် ကျန်ရှိနေပါက ရက်ထပ်မံတိုးမြှင့်ကောက်ယူနိုင် ရေး ကြိုတင်စီစဉ်ဆောင်ရွက်ထားကြရန်လိုကြောင်း၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို အိမ်ထောင်စု မေးခွန်းပုံစံအတွက် မေးခွန်း ၆၈ ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံအတွက် မေးခွန်း ၁၈ ခုဖြင့် တစ်အိမ်တက် ဆင်း ကောက်ယူမည်ဖြစ်သည့် အတွက် ပြည်သူများအနေဖြင့် မေးခွန်းများကို မှန်မှန်ကန်ကန် ဖြေကြားခြင်းဖြင့် ပူးပေါင်းကူညီ နိုင်ရေးအတွက် ပြည်သူလူထုအသိ ပညာပေးလုပ်ငန်းများကို ထိထိ ရောက်ရောက်၊ ကျယ်ကျယ်ပြန့် ပြန့် လုပ်ဆောင်သွားကြရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် မဖြစ်မနေ အောင်မြင်အောင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် ဖြစ်သည်နှင့်အညီ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူကာ အားလုံးက တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြ ရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တနင်္သာရီတိုင်း ဒေသကြီးအတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူရေးအတွက် လက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်း များနှင့် ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်သူ့အင်အား ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာခိုင်ခိုင်စိုးက သန်းခေါင်စာရင်း ကောက်ယူခြင်း မှ ရရှိသည့်အချက်အလက်များ အပေါ်အခြေခံ၍ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် လုံခြုံရေးဆိုင်ရာလုပ်ငန်းများတွင် ထိထိရောက် ရောက် အသုံးပြုဆောင်ရွက်နိုင် မှုအခြေအနေများကို ရှင်းလင်း ဆွေးနွေးပြီး သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် ပတ်သက်၍ ရုပ်မြင်သံကြား Channel များတွင် ထုတ်လွှင့်ပြသမည့် ပြည်သူလူထု အသိပညာပေး TV Spot များကို ပြသသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ အထောက် အကူပြုပစ္စည်းများကို လွှဲပြောင်း ပေးအပ်ရာ တနင်္သာရီတိုင်းဒေသ ကြီး သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ချိုက လက်ခံ ရယူပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက် သည်။
တွေ့ဆုံပွဲ အပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသ ကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့ သည် ခင်းကျင်းပြသထားသည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း တွင် အသုံးပြုမည့်ပစ္စည်းများကို ကြည့်ရှုကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် မြိတ်မြို့ ဘုရားငါးဆူ စာသင်တိုက် ဓမ္မာရုံ၌ မြိတ်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း များက ဒေသခံပြည်သူများကို ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံတော်မှ ဖွဲ့စည်းထားသည့် ငါးဦးကော်မတီ၏ စိစစ်ချက်အရ အိမ်ထောင်စု လူဦးရေစာရင်း ထုတ်ပေးခြင်းနှင့် နိုင်ငံသားစိစစ် ရေးကတ် စိစစ်ထုတ်ပေးခြင်း စသည့်လုပ်ငန်းစဉ်များ ဆောင်ရွက် နေမှုကိုလည်းကောင်း၊ နိုင်ငံသား ကတ်ရရှိပြီးသူများကို ရုံးချုပ် e-ID Server ရှိ အချက်အလက် များကို Online စနစ်ဖြင့်တိုက်ဆိုင် စိစစ်၍ e-ID စနစ်ဖြင့် ကိုယ်ရေး အချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူကာ ဂဏန်း ၁၀ လုံးပါ Unique ID နံပါတ်ထုတ်ပေးနေမှုကို လည်း ကောင်း လှည့်လည်ကြည့်ရှု ပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ မှာကြားညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်