တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ခရီးသည်တင်ယာဉ် နှစ်စီးအား မိုင်းထောင်ဖောက်ခွဲ၍ သေနတ်များဖြင့် အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ခရီးသွားပြည်သူ သုံးဦးသေဆုံးကာ ၂၈ ဦး ဒဏ်ရာရရှိ

 

နေပြည်တော်    ဧပြီ   ၂၉


တနင်္သာရီတိုင်းဒေသကြီး ပုလော မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက် အဖွဲ့က ခရီးသည်တင်ယာဉ် နှစ်စီး အား    မိုင်းထောင်ဖောက်ခွဲ၍ သေနတ်များဖြင့်   အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ခရီးသွားပြည်သူ သုံးဦးသေဆုံးကာ ၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။စ်စဉ်မှာ ဧပြီ ၂၈ ရက် ညနေ ၅  နာရီခွဲတွင်   တနင်္သာရီတိုင်း ဒေသကြီး     ပုလောမြို့နယ်၌ ယာဉ်မောင်း ဦးတေဇာအောင် (၃၈ နှစ်)  မောင်းနှင်လာသော ရန်ကုန်-မြိတ်-ထားဝယ်      ပြေးဆွဲသည့်“ရတနာတိုး” ယာဉ်လိုင်းမှ ယာဉ် အမှတ် YGN-1Q/7611 ခရီးသည် တင် မှန်လုံယာဉ်သည်  ရန်ကုန်မှ   ထားဝယ်သို့    ထွက်ခွာလာစဉ်    ပုလောမြို့နယ် သစ်လှတောကျေးရွာ အနီးအရောက်    PDF  အမည်ခံ အကြမ်းဖက်အဖွဲ့က  ယာဉ်အား   မိုင်းဆွဲတိုက်ခိုက်ကာ   သေနတ် များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့်  ယာဉ်ပေါ်တွင်    လိုက်ပါလာသည့် ဧရာ၀တီတိုင်းဒေသကြီး ပန်းတနော် မြို့နယ်နေ ဦးနေမင်းထွန်း(၄၂ နှစ်) တွင်   သေနတ်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ပြီး ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့နယ်နေ ဒေါ်ဝင်း ဝင်းမော် (၅၂ နှစ်)၊ တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့နယ်နေ ဦးသက် ဇော်ဦး (၄၈ နှစ်)၊  ဧရာ၀တီတိုင်း ဒေသကြီး ငပုတောမြို့နယ် ပျံရေ ကျော်ကျေးရွာနေ   ဦးဇာနည်နိုင် (၃၀ နှစ်)၊   ပန်းတနော်မြို့နယ် ကျုံတစ်ချောင်း     ကျေးရွာနေ ဦးအောင်အောင်ထက် (၂၈ နှစ်)၊ တနင်္သာရီတိုင်းဒေသကြီး ပုလော မြို့နယ်      ဇရပ်ဆိပ်ကျေးရွာနေ ဒေါ်မီသူလွင်(၃၂ နှစ်)၊ ပုလောမြို့ နယ် လက္ကူးကျေးရွာနေ ဦးမြင့်စိုး (၃၇ နှစ်)၊   ရခိုင်ပြည်နယ်  အမ်း မြို့နယ် ကျောက်မြောင်းကျေးရွာနေ ကိုအောင်လင်းထွေး  (၁၉ နှစ်)၊ ရန်ကုန်တိုင်းဒေသကြီး ကော့မှူး မြို့နယ် ညောင်ပင်သာကျေးရွာနေ ဒေါ်စန်းစန်းမော်(၃၁ နှစ်)၊ မင်္ဂလာ တောင်ညွန့်မြို့နယ်နေ   ဒေါ်မိချို (၅၆ နှစ်)  (ဘ) ဦးဘိုနီ၊ ကွမ်းခြံကုန်း မြို့နယ်နေ ဦးရဲတင့်(၄၈ နှစ်)နှင့် ယာဉ်မောင်း ဦးတေဇာအောင်တို့တွင် သေနတ်ထိမှန်ဒဏ်ရာများ   ရရှိခဲ့ သည်။

 


အလားတူ အဆိုပါအကြမ်းဖက် အဖွဲ့သည် ညနေ ၅ နာရီ မိနစ် ၅၀ တွင် အထက်ပါ အခင်းဖြစ်ပွားခဲ့ သည့်နေရာတွင်     ယာဉ်မောင်း ဦးဇော်မင်းဦး(၄၂ နှစ်) မောင်းနှင်ပြီး ရန်ကုန်မှ ထားဝယ်သို့ ထွက်ခွာ လာသည့် “ရွှေလီရတနာ” ယာဉ် လိုင်းမှ   ယာဉ်အမှတ် (စိစစ်ဆဲ) ခရီးသည်တင်ယာဉ်အား  ထပ်မံ၍ မိုင်းဆွဲတိုက်ခိုက်ကာ သေနတ်များ ဖြင့်      ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ရန်ကုန်တိုင်းဒေသကြီး  ကွမ်းခြံ ကုန်းမြို့နယ်နေ ဦးဘိုဘိုဇော်(၂၉ နှစ်)နှင့်   ပုလောမြို့နယ်  လက္ကူး ကျေးရွာနေ  ဦးသန်းစိုး  (၄၁နှစ်) တို့တွင် သေနတ်ထိမှန်ဒဏ်ရာများ ရရှိကာ  သေဆုံးသွားခဲ့ပြီး ရန်ကုန် တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် နေ ဦးထင်အောင်(၃၇ နှစ်)၊ မထွေး ထွေးမာ(၃၄ နှစ်)၊  သင်္ဃန်းကျွန်း မြို့နယ်နေ ဒေါ်သန်းသန်းဝင်း(၃၉ နှစ်)၊ ဦးသန်းဌေးအောင်(၄၇ နှစ်)၊ ဦးကြည်သန်း (၄၉ နှစ်)၊ ပဲခူးတိုင်း ဒေသကြီး    မိုးညိုမြို့နယ်နေ ဦးရဲထိုက်အောင် (၂၁ နှစ်)၊ မြိတ် မြို့နယ် မြိတ်တောင်ကျေးရွာနေ ဦးဝင်းကြည်(၇၄ နှစ်)၊ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်နေ ဦးဇော်မင်း လေး(၃၁ နှစ်)၊ ဦးအောင်ကျော်သန်း (၄၅ နှစ်)၊ ဦးမိုးကျော်ဟိန်း(၃၃နှစ်)၊ ဦးနေဝင်း(၃၅ နှစ်)၊ ဦးမောင်သိန်းနု (၄၅ နှစ်)၊ ဦးမောင်သိန်းလှိုင်(၂၇နှစ်)၊ အမ်းမြို့နယ်နေ ဦးဇော်ဇော်ဝင်း(၃၂ နှစ်)၊   ဦးစံရှားအောင်  (၄၂ နှစ်)၊ မြောက်ဦးမြို့နယ်နေ   ကိုနိုင်နိုင် (၂၃ နှစ်)နှင့် ယာဉ်မောင်း ဦးဇော် မင်းဦးတို့တွင် သေနတ်ထိမှန်ဒဏ်ရာ များ အသီးသီးရရှိခဲ့သည်။

 


အထက်ပါဖြစ်စဉ်များမှ သေဆုံး/ ဒဏ်ရာ  ရရှိသူများအား ပုလောမြို့ နယ်  ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ထားရှိကြောင်းနှင့် ခရီးသည်တင် ယာဉ်များအား အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ကာ အပြစ်မဲ့ခရီးသွား ပြည်သူများကို သေဆုံး/ဒဏ်ရာများ ရရှိစေသူ အကြမ်းဖက်သမားများ အား   ဖော်ထုတ်အရေးယူနိုင်ရေး    နယ်မြေခံ တပ်မတော်စစ်ကြောင်း များနှင့်   ပူးပေါင်း၍   လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်   ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။                  

 သတင်းစဉ်