တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်ရုံး ဥပဒေစာကြည့်တိုက်အဆောက်အအုံအသစ်ဖွင့်

 

ထားဝယ်   ဇူလိုင်   ၁၆
တနင်္သာရီတိုင်းဒေသကြီး   ဥပဒေ ချုပ်ရုံး    ဥပဒေစာကြည့်တိုက် အဆောက်အအုံအသစ်   ဖွင့်ပွဲကို ယမန်နေ့ကထားဝယ်မြို့ တိုင်းဒေသကြီး   ဥပဒေချုပ်ရုံး၌ ကျင်းပရာ  တနင်္သာရီတိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊  ဥပဒေ ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် ဒုတိယရှေ့နေချုပ်   ဒေါက်တာ ထိန်လင်းဦး၊ တိုင်းဒေသကြီးတရား လွှတ်တော်    တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တိုင်းဒေသ  ကြီးဥပဒေချုပ်  ဦးအုန်းသန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး  ဥပဒေ စာကြည့်တိုက်  အဆောက်အအုံ သစ်ကို        လှည့်လည်ကြည့်ရှု လေ့လာသည်။
ဥပဒေ           စာကြည့်တိုက် အဆောက်အအုံအသစ်      ဖွင့်ပွဲသို့ တိုင်းဒေသကြီး    ဝန်ကြီးချုပ်၊   ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးနှင့်        ဒုတိယရှေ့နေချုပ်၊   တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသ ကြီး   ဥပဒေချုပ်၊     တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်   တိုင်းဒေသ ကြီးအတွင်းရှိ   ခရိုင်၊   မြို့နယ် ဥပဒေအရာရှိများ      တက်ရောက် သည်။
စာကြည့်တိုက်တွင် စာအုပ်၊ စာစောင်ပေါင်း ၁၅၀၀ ကျော်ခန့် ထားရှိပြီး စာအုပ်၊ စာစောင်များကို ဘာသာရပ်အလိုက်ထားရှိ သည်။   စာအုပ်၊     စာစောင်များ အပြင်        ဥပဒေပညာရှင်များ၊ သက်ဆိုင်ရာ ဘာသာရပ်ဆိုင်ရာ  ပညာရှင်များနှင့်   စာရေးဆရာ များက    ရှုထောင့်အမျိုးမျိုးဖြင့်     ရေးသားသော သုတ၊  ရသ စာအုပ် စာတမ်းများ၊          ဥပဒေရေးရာ               ဝန်ကြီးဌာနက  အခါအားလျော်စွာ   ထုတ်ဝေသော  ဥပဒေသုတေသန စာတမ်း စာအုပ်များ၊ ညွှန်ကြား ချက်များ၊    ဥပဒေပညာဂျာနယ်၊ ဥပဒေရုံး  ရည်ညွှန်းစာစောင်များ နှင့်        နိုင်ငံတော်ပြန်တမ်းများကို နှစ်အလိုက်      စုံလင်စွာထားရှိ ကြောင်း  သိရသည်။  
တိုင်းဒေသကြီး(ပြန်/ဆက်)