
ထားဝယ် ဇွန် ၂၆
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ် မြို့ မြို့တော်ခန်းမ၌ ကျင်းပ သည်။ (အောက်ပုံ)
အခမ်းအနားတွင် တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ဘိန်းစိုက်ပျိုးမှု မရှိသော်လည်း နယ်စပ်ဒေသဖြစ်ပြီး ထိန်းချုပ် ဓာတုပစ္စည်းများ သယ်ဆောင် ရောင်းဝယ်မှု ရှိသည့်အတွက် တိုင်းဒေသကြီးအဆင့် ထိန်းချုပ် ဓာတုပစ္စည်း စစ်ဆေးရေးအဖွဲ့ အနေဖြင့် လမ်းလွှဲမရောက်စေရန် ကြပ်မတ်ကွပ်ကဲ လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌထံမှ ပေးပို့သည့် သဝဏ်လွှာကို တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းမင်းလတ် က ဖတ်ကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာန ချုပ်၊ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိ သူများက (၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဗဟိုအဆင့်ဆုရရှိ သူများနှင့် တိုင်းဒေသကြီးအဆင့် ဆုရရှိသူများကို ဆုများချီးမြှင့် သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ က မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက် မှတ်တမ်းဗီဒီယိုကိုလည်းကောင်း၊ (၃၇)ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲ သုံးမှု နှင့် တရားမဝင်ရောင်းဝယ် မှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်ပြခန်းကို လည်းကောင်း ကြည့်ရှုအားပေးခဲ့ကြောင်း သိရ သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)