
နေပြည်တော် ဇွန် ၁၂
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၌ ဇွန် ၁၁ ရက်က ယခင်စကားများ ရန်ဖြစ်သည့် ကိစ္စကို မကျေနပ်၍ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၁၁ ရက် နံနက် ၁၀ နာရီတွင် တွံတေးမြို့နယ် တာဝကျေးရွာ အမှတ် (၁၈၁)နေ ဦးဘိုသိုး (၅၆)နှစ်၊ (ဘ)ဦးခင်သိန်းသည် မြို့မဈေးကြီးရှေ့ ဆိုက်ကားဂိတ်၌ ရှိနေစဉ် ယခင်က စကားများရန်ဖြစ်ခဲ့ဖူးသူ တစ်ရွာတည်းနေ အောင်ကိုလတ်(ခ)အရုပ် ကြီး(၂၈)နှစ်က ဝါးလုံးတုတ်ဖြင့် ရိုက်နှက်ခဲ့သဖြင့် ဦးဘိုသိုးတွင် ဦးခေါင်းထိပ် ကွဲအက် ဒဏ်ရာ တစ်ချက်၊ ဦးခေါင်းနောက်စေ့ ကွဲအက်ဒဏ်ရာ တစ်ချက်တို့ရရှိကာ တွံတေးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူနေစဉ် ရရှိသော ဒဏ်ရာများဖြင့် သေဆုံးသွား သောကြောင့် အောင်ကိုလတ်(ခ)အရုပ်ကြီးအား တွံတေးမြို့မ ရဲစခန်းက အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား