တပ်ကုန်းမြို့နယ်၌ မိုးချည်မျှင်ရှည်ဝါ ဧက ၁၀၃၀၀ ကျော် လျာထားစိုက်ပျိုး

တပ်ကုန်း    ဇွန်    ၁၄
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရ ခရိုင် တပ်ကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး တောင်သူများအနေဖြင့်  မိသားစုစားဝတ်နေ ရေးအဆင်ပြေစေရန် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံ များဖြစ်သည့်   ငရုတ်၊ ဖူးစားပြောင်း၊ ပဲတီစိမ်း၊ နေကြာ၊ နှမ်း၊ မြေပဲနှင့် မီးဖိုချောင်သုံး ဟင်းသီး ဟင်းရွက်သီးနှံစုံ  စိုက်ပျိုးလျက်ရှိရာ  မိုးချည် မျှင်ရှည်ဝါများကိုလည်း     ၁၀၃၂၈      ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်၌      မိုးချည်မျှင်ရှည် ဝါများ   စနစ်တကျစိုက်ပျိုးနိုင်ရေး၊   မျိုးစေ့ ကုန်ကျမှု   သက်သာနိုင်ရေး၊    အပင်ဖြစ်ထွန်း ကောင်းမွန်နိုင်ရေး   မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းစိုက်ပျိုးကြောင်း၊ မိုးချည်မျှင် ရှည်ဝါကို ၁၀၃၂၈ ဧက လျာထားစိုက်ပျိုး၍ ၁၁၄   ဧက   စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းနှင့် မိုးချည်မျှင်ရှည်ဝါ ဆွတ်ခူးချိန်တွင် ဈေးကောင်း ရရှိရေး    မျှော်လင့်ကြောင်း   မိုးချည်မျှင်ရှည် ဝါစိုက် တောင်သူတစ်ဦးထံမှ သိရသည်။ 
တင်စိုးလွင်(ပြန်/ဆက်)