
နေပြည်တော် ဖော်ဖော်ဝါရီ ၁၆
တပ်မတော် (လေ) တံတားဦး လေတပ်စခန်းမှ ပုံမှန်လေ့ကျင့်ပျံသန်းလျက်ရှိသည့် တိုက်ခိုက်ရေး လေယာဉ် တစ်စင်းသည် ယနေ့နံနက်ပိုင်းတွင် လေ့ကျင့်ရေးဧရိယာ၌ လေ့ကျင့်ပျံသန်းစဉ် စက် ချွတ်ယွင်းမှုကြောင့် ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ လေယာဉ်သည် လေ့ကျင့်ရေးဧရိယာ၌ ပုံမှန်လေ့ကျင့်ပျံသန်းမှုများ ဆောင်ရွက်စဉ် ယနေ့ နံနက် ၁၀ နာရီ ၄၃ မိနစ်ခန့်တွင် ဆက်သွယ်မှု ပြတ်တောက်ခဲ့သဖြင့် တပ်မတော်(လေ)မှ လေယာဉ် တစ်စင်းဖြင့် လိုက်လံရှာဖွေခဲ့ရာ စစ်ကိုင်းတိုင်းဒေသ ကြီး စစ်ကိုင်းမြို့နယ် အုန်းတောကျေးရွာ၏ အရှေ့ ဘက်ရှိ ရေမျက်ကြီးအင်းအတွင်း၌ စက်ချွတ်ယွင်းကာ ပျက်ကျခဲ့သည့် အဆိုပါ လေယာဉ်ကိုတွေ့ရှိခဲ့ပြီး လေယာဉ်မှူးဖြစ်သူ ဗိုလ်ကြီး ဟိန်းထက်အောင်မှာ သေဆုံးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လေယာဉ်ပျက်ကျမှု ဖြစ်ပွားသည့် နေရာသို့ သက်ဆိုင်ရာတာဝန်ရှိသူများက သွား ရောက်၍ အသေးစိတ်စုံစမ်းစစ်ဆေးမှုများ ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်