တပ်မတော်ဆေးရုံများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး

 

နေပြည်တော်    မေ    ၃၁
နေပြည်တော်ကောင်စီနယ်မြေ  ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၌ တက်ရောက်  ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်များ အား ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေး  ဦးစီးချုပ် ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ဖုန်းမြတ်(ယာပုံ)၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ် စိုးမင်းနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏   ရောဂါဖြစ်ပွားမှု၊   ဆေးဝါးကုသ ပေးထားမှုနှင့်  ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြားပြီး အာဟာရဖြည့်စားသောက်ဖွယ် ရာများနှင့်   ထောက်ပံ့ငွေများ   ပေးအပ်ကြသည်။ ထို့နောက်    ဆေးရုံအတွင်းလှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူနေသော   အရာရှိ၊   စစ်သည်၊   မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ အား ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ်  နိုင်နိုင်ဦး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်နှင့်  တာဝန် ရှိသူများက  သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊     ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်ကောင်းမွန်မှုအခြေအနေများ ကို ရင်းရင်းနှီးနှီးမေးမြန်း  အားပေးစကားပြောကြား ပြီး      အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ    ပေးအပ်ကြသည်။   ထို့နောက် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။    
ထို့အတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ရှိ တပ်မတော်ဆေးရုံ၊   တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ တပ်မတော်ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကု ဆေးရုံကြီး (ခုတင်-၅၀၀)နှင့် တပ်မတော်ဆေးရုံ ကြီး  (ခုတင်-၁၀၀၀)၊    ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၊ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ တပ်မတော်ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ   တပ်မတော်ဆေးရုံနှင့်   ပြည်မြို့ရှိ တပ်မတော်ဆေးရုံတို့၌   တက်ရောက်ဆေးကုသမှု ခံယူနေသော အရာရှိ၊  စစ်သည်၊  မိသားစုဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူများအား ယနေ့တွင်   သက်ဆိုင်ရာတိုင်းစစ် ဌာနချုပ်အသီးသီးမှ   တိုင်းမှူးများနှင့်  တာဝန်ရှိသူ များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါ ဖြစ်ပွားမှု၊  ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်ကောင်းမွန်မှု အခြေအနေများကို ရင်းရင်း နှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး အာဟာရ ဖြည့်စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ကြသည်။    ထို့နောက်   ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှု၍   လိုအပ်သည်များ   ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်