တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၏ (၂၈)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

 

နေပြည်တော်   မေ    ၃၁
တပ်မတော်သူနာပြုနှင့် ဆေးဘက်  ပညာတက္ကသိုလ်၏   (၂၈)ကြိမ် မြောက် ဘွဲ့နှင်းသဘင်  အခမ်း အနားကို    ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ  မြို့နယ်ရှိ    တပ်မတော်သူနာပြု နှင့်  ဆေးဘက်ပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌  ကျင်းပရာ တပ်မတော်သူနာပြုနှင့် ဆေးဘက်  ပညာတက္ကသိုလ်  ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဝင်းဗိုလ်နှင့် ပါမောက္ခ  ချုပ် ဗိုလ်မှူးကြီး ဒေါ်မေခင်သိန်း နှင့် ပညာရေးအဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ကြသည်။
ဦးစွာ    တပ်မတော်သူနာပြု နှင့်  ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့်    ပညာရေး အဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင် ခန်းမသို့ဝင်ရောက်ကာ သတ်မှတ် နေရာများတွင်    နေရာယူကြပြီး မြန်မာ့ဆိုင်း       တူရိယာအဖွဲ့က  နိုင်ငံတော်သီချင်း   တီးမှုတ်ကာ ဘွဲ့နှင်းသဘင်   အခမ်းအနားကို ဖွင့်လှစ်သည်။ 
ထို့နောက် ကျောင်းအုပ်ကြီး က ဘွဲ့နှင်းသဘင်ကျင်းပကြောင်း ကြေညာပြီး ဘွဲ့ယူမည့်သူများအား ကတိသစ္စာခံယူစေခြင်း၊ သက်ဆိုင် ရာ ပါမောက္ခများက ဘွဲ့ယူမည့် သူများကို   ပါမောက္ခချုပ်ထံသို့ ပို့ဆောင်ခြင်းတို့ကို    အစီအစဉ် အတိုင်း ဆောင်ရွက်ကြသည်။
ယင်းနောက် ပါမောက္ခချုပ်က ပါရဂူဘွဲ့     (ဆေးဘက်ဆိုင်ရာ ဓာတ်မှန်နှင့် ပုံရိပ်ဖော်နည်းပညာ)၊   သူနာပြုမဟာသိပ္ပံဘွဲ့၊      အထူး  ကြပ်မတ်သူနာပြုစုမှု မဟာသိပ္ပံ ဘွဲ့၊ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ နည်းပညာ       မဟာသိပ္ပံဘွဲ့၊ ဆေးပညာသင်ကြားရေး ဘွဲ့လွန်  ဒီပလိုမာ၊ ဆေးဘက်ဆိုင်ရာ အသံ လွန်လှိုင်းဖြင့်  ရောဂါရှာဖွေခြင်း နည်းပညာဒီပလိုမာ၊   ခွဲစိတ်ခန်း သူနာပြုစုမှုဒီပလိုမာ၊ နှလုံးရောဂါ အထူးပြု      သူနာပြုစုမှုဒီပလိုမာ၊ အရိုးရောဂါအထူးပြု    သူနာပြုစု မှု              ဒီပလိုမာရရှိသူများကို ဘွဲ့လက်မှတ်များ  ချီးမြှင့်အပ်နှင်း သည်။ 
ဆက်လက်၍    ကျောင်းအုပ် ကြီးက ဘွဲ့ရသူများအား ဘွဲ့များ နှင့်   လျော်ညီသော   အဆောင် အယောင်   အမှတ်လက္ခဏာဖြစ် သည့်  ဝတ်ရုံများကို ဝတ်ဆင်ခွင့် ပြုပြီး   ဘွဲ့နှင်းသဘင်   မှတ်တမ်း စာအုပ်တွင်   လက်မှတ်ရေးထိုး သည်။ ထို့နောက် ကျောင်းအုပ် ကြီးက   ဘွဲ့နှင်းသဘင်မိန့်ခွန်း ပြောကြားပြီး    အခမ်းအနားကို ရုပ်သိမ်းကြောင်း ကြေညာသည်။
သတင်းစဉ်