တပ်မတော်ထောက်ပံ့နှင့် ပို့ဆောင်ရေးကျောင်း(တောင်ငူ)မှ အရာရှိ၊ စစ်သည်၊ ရဲမေ၊ သင်တန်းသားများ စုပေါင်းသွေးလှူဒါန်း

နေပြည်တော်    ဇူလိုင်    ၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အား ထောက်ခံသောအားဖြင့် တပ်မတော်ထောက်ပံ့နှင့် ပို့ဆောင်ရေးကျောင်း (တောင်ငူ) မှ အရာရှိ၊ စစ်သည်၊ ရဲမေ၊ သင်တန်းသား ၁၃၅ ဦးတို့သည် ယနေ့တွင်  နယ်မြေခံစစ်မြေပြင်ဆေးတပ်ရင်း၌ (ပဉ္စမ)အကြိမ်မြောက် ဒါနဥပပါရမီ   ဇီဝိတဒါန  စုပေါင်းသွေးလှူဒါန်းခဲ့ပြီး   ဗိုလ်မှူးကြီး အောင်ကျော်ဦးက (၈၃) ကြိမ်မြောက် သွေးလှူဒါန်းခဲ့ကြောင်း သိရ သည်။              

သတင်းစဉ်